ကော့သောင်းတွင် ဂက်စ်အိုး ပေါက်ကွဲ၍ နေအိမ်မီးလောင်

0
526

ကော့သောင်းတွင် ဂက်စ်အိုးပေါက် ကွဲရာမှတစ်ဆင့် နေအိမ်တစ်ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကော့သောင်းမြို့နယ်၊ ဖော့သုတ် ကျေးရွာတွင် မေလ ၂၁ ရက်က အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နံနက်စာချက်ပြုတ်ရန် ပြင်ဆင်စဉ် ဂက်စ်အိုး ပေါက်ကွဲခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဂက်စ်အိုးပေါက်ရာမှ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းထားသည့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များ သို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အသက် ၃၀ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၂၈၅ (မီးနှင့် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့မှု)ဖြင့် မာရမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch