မြိတ်တွင် တစ်ညတည်း အလှူပုံး ၃ ပုံးမှ ငွေအခိုးခံရ

0
572

မြိတ်မြို့တွင် နာရေးကူညီမှုအသင်း ၏ အလှူခံပုံးတစ်ပုံးနှင့် ရေနံမြေရပ်ကွက် ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းမှ အလှူခံပုံး နှစ်ပုံးတို့မှငွေများ တစ်ညတည်း အခိုးခံခဲ့ရသည်။

သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းရှိ မြဘုရားကျောင်ဆောင်မှ အလှူခံပုံး နှစ်ပုံးအား မေလ ၂၁ ရက် ည ၁၁ နာရီခွဲ အချိန်တွင် ရိုက်ခွဲဖျက်ဆီးပြီး အလှူငွေများအား ခိုးသွားကြောင်း အဆိုပါကျောင်း မှ ဒကာတစ်ဦးက ပြောသည်။

ထို့အပြင် ကန်ဖျားရပ်ကွက် မြို့မ အားကစားကွင်းအရှေ့ရှိ ဓာတ်ဆီအရောင်း ဆိုင်ဝင်းအတွင်း ထားရှိထားသည့် နာရေး အတွက် အလှူခံပုံးတစ်ပုံးမှာလည်း မေလ ၂၂ ရက် နံနက် ၁ နာရီခန့်က အခိုးခံရ ကြောင်း သိရသည်။

အဆိုပါ နာရေးအလှူခံပုံးမှာ ကရုဏာဝဋံသက နာရေးကူညီမှုအသင်း နှင့် ချမ်းမြေ့ကျန်းမာရေးအထောက် အကူပြုအသင်း ၃ သင်းပေါင်းပြီး ပြုလုပ် ထားခြင်းဖြစ်ကြောင်း ယင်းအသင်းတို့မှ သိရသည်။

“အလှူငွေက ခုနစ်သောင်းလောက် ရှိမယ်”ဟု ၀ဋံသက နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။

အဆိုပါ နာရေးကူညီမှုအသင်း သုံးသင်းပေါင်းပြီး ပြုလုပ်ထားသည့် အလှူခံပုံး ၁၀ ပုံးခန့်အား ရပ်ကွက် အသီးသီးရှိ လူစည်ကားရာနေရာ၊ လက်ဖက်ရည်ဆိုင်များနှင့် ဆီအရောင်းဆိုင် တို့တွင် ထားရှိပေးထားကြောင်း ယင်း အသင်းတို့မှ သိရသည်။ ယင်းအလှူငွေများမှာ ခုနစ်ရက်သား သမီးများ၏ လှူဒါန်းငွေများဖြစ်ပြီး လိုချင် သည့်သူက ယူသွားခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းတို့တွင် အမှုဖွင့် တိုင်ကြားထားခြင်း မပြုလုပ်ခဲ့ကြောင်း အတွင်းရေးမှူးဦးခင်ဇော်က ပြောသည်။                 

Dawei Watch