ထားဝယ်မြစ်အတွင်း ကုန်တင်သင်္ဘောတစ်စီး ရေ၀င်ပြီး သောင်တင်

0
869

ထားဝယ်မြစ်အတွင်း ၀င်ရောက် လာသည့် ကုန်တင်သင်္ဘောတစ်စီး မေလ ၂၃ ရက် နံနက် ၁ နာရီခန့်က ရေ၀င်ပြီး သောင်တင်ခဲ့ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြိတ်မြို့မှ ထွက်ခွာလာသည့် အဆိုပါ ကုန်တင်သင်္ဘောမှာ ထားဝယ်မြို့အနီး ရောက်ရှိချိန်တွင် သင်္ဘောကျောက်ချ ရပ်နားရာ ကျောက်ပြုတ်ထွက်ပြီး ရေစီး အတိုင်းမျောပါကာ ကျောက်ဆောင်ဖြင့် ရိုက်မိခဲ့သည်ဟု ရေကြောင်းဦးစီးဌာနမှ တစ်ဆင့် သိရကြောင်း အထက်ပါရုံးထံမှ သိရသည်။

ကျောက်ဆောင်ဖြင့် ရိုက်မိသည့် အတွက် သင်္ဘောဝမ်းဗိုက်ပေါက်သွားပြီး ရေ၀င်ကာ သောင်တင်နေခဲ့သည်ဟု သိရ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ သင်္ဘောတွင် ဘိလပ်မြေ အိတ် နှစ်သောင်းပါရှိပြီး ပစ္စည်းများကို လှေများဖြင့် သယ်ယူနေကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

Dawei Watch