ထိုင်း-မြန်မာ ခရိုင်နှစ်ခုအတွင်း ခရီးသွား ကဏ္ဍတိုးမြှင့်ရန် ထိုင်းအစိုးရက သုတေသန စလုပ်

0
672

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင်နှင့် မြန်မာနိုင်ငံ မြိတ်ခရိုင်အတွင်း ခရီးသွား ကဏ္ဍတိုးမြင့်လာစေရန် ရည်ရွယ်၍ ထိုင်း အစိုးရမှ ၃ နှစ်အကြာအချိန်ယူမည့် သုတေသနကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း ထံမှ သိရသည်။

ထိုင်းနိုင်ငံပရာကျွတ် ခီရီခံခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ခရီးသွားလာရမည့် နေရာများအား တစ်ခုချင်းစီ သုတေသန ပြုလုပ်ရန် ထိုင်းအစိုးရမှ ချူလာလောင်ကွန် တက္ကသိုလ်အား တာဝန်ပေးခဲ့ပြီး ယခု အခါ မြိတ်ခရိုင်အတွင်း စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း နှစ်နိုင်ငံခရီးသွား လုပ် ငန်းသုတေသနစာတမ်း ပြုစုရေးအဖွဲ့ဝင် ဦးအောင်ကြည်မြင့်က ပြောသည်။

ပထမဆုံး သုတေသနခရီးစဉ် အနေ ဖြင့် ချူလာလောင်ကွန်တက်္ကသိုလ်ပါမော က်္ခ ဦးဆောင်သည့်အဖွဲ့မှ မြိတ်ခရိုင် အတွင်း ၅ ရက်အကြာ သုတေသနလုပ် ဆောင်ခဲ့ပြီး မေလ ၂၀ ရက်က မြိတ်မြို့ ဂရင်းဂျိတ်ဟိုတယ်တွင် မြိတ်တက္ကသိုလ် ဆရာ/ဆရာမများ၊ သမိုင်းသုတေသီများ၊ မြိတ်ခရိုင်အတွင်းခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို တက်ရောက်ဆွေးနွေးခဲ့သည်။

ချူလာလောင်ကွန်တက္ကသိုလ်အနေ ဖြင့် သုတေသနဆောင်ရွက်ရာတွင် အပိုင်း ၃ ပိုင်းခွဲကာဆောင်ရွက်သွားမည်ဟုသိရပြီး ပထမပိုင်းအနေဖြင့် ပရာကျွတ်ခီရီခံ ခရိုင်အတွင်းတွင်ရှိသည့် ခရီးသွားအပန်း ဖြေသည့်နေရာများအား ဖော်ထုတ်ခြင်းနှင့် မြိတ်ခရိုင်အတွင်းတွင်ရှိသည့် ခရီးသွား လာရန်နေရာများအား သုတေသနပြုခြင်း၊ ဒုတိယအနေဖြင့် မြိတ်ခရိုင်နှင့် ပရာကျွတ် ခီရီခံခရိုင် နှစ်ခုအကြား ဆက်စပ်နေသည့် သမိုင်းကြောင်းများအား သုတေသနလုပ် ခြင်းနှင့် တတိယအပိုင်း အနေဖြင့် သုတေသန ပြုလုပ်ထားရှိချက်များအား နှစ်နိုင်ငံအစိုးရကို တင်ပြခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း သုတေသနစာတမ်း ပြုစုရေးအဖွဲ့ဝင် ဆရာ  ဦးအောင်ကြည်မြင့် ကရှင်းပြသည်။

“နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် အမြဲတမ်းရပ်တည်နိုင်မယ့် ခရီးသွား လုပ်ငန်းတစ်ခု ပေါ်ထွန်းလာဖို့ အတွက် လုပ်တာပါ”ဟု ၎င်းက ပြောသည်။

ခရီးသွားလုပ်ငန်းအတွက် ကော့ သောင်း-ရနောင်းနယ်စပ်ဂိတ်၊ ထီးခီး-ဖူနမ်ရွန်နယ်စပ်ဂိတ်များတွင်လည်း ပြု လုပ်ရန် အစီအစဉ်ရှိပြီး လက်ရှိအလား အလာအရှိဆုံး မောတောင်-ဆင်ခွန်းနယ် စပ်ဂိတ်ကို ဦးစားပေးအနေဖြင့် လုပ်ဆောင် နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြိတ်ခရိုင်အတွင်း ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်များ၊ သဘာဝအလျောက် အပန်းဖြေ နားနေနိုင်သည့် နေရာများ အများအပြားရှိနေပြီး ခရီးသွားလုပ်ငန်း အတွက် စနစ်တကျ ကြိုးစားလုပ်ဆောင် မည်ဆိုလျှင် ထိုင်းနိုင်ငံထက်မသာသည့် တိုင်အောင် ဒေသတွင်းခရီးသွား လုပ်ငန်း အသင့်အတင့်ဖွံ့ဖြိုးလာမည်ဟု ယုံကြည် ကြောင်း တနင်္သာရီစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း ကပြောသည်။

ကိုဆန်း