ပညာရေးဝန်ထမ်းများကို ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများ မပေးရန် ပညာရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

0
459

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအား ငွေကြေး သို့မဟုတ် လက်ဆောင်ပစ်္စည်းများကို ပေးအပ်ခြင်း မပြုရန် ကျောင်းသားမိဘများအား မေတ္တာ ရပ်ခံချက်ကို ပညာရေးဝန်ကြီးဌာန ထုတ် ပြန်သည်။

ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အချက်များကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်း များ အားလုံးနှင့် ကျောင်းသားမိဘများ သိရှိလိုက်နာရမည့်အချက်များအား နံရံကပ်ပိုစတာနှင့် ဗွီနိုင်းကြော်ငြာတစ်ခုစီ ကို အခြေခံပညာ ကျောင်းများတွင် ထားရှိ ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။

“တံစိုးလက်ဆောင်ဆိုတဲ့နေရာမှာ လက်ဆောင်ကောင်းကောင်းပေးနိုင်တဲ့ လူရယ် မကောင်းပေးနိုင်တဲ့လူရယ်ဆိုရင် ကလေးမှာ စိတ်အားငယ်မှုတွေဖြစ်သွားနိုင် တယ်။ အခမဲ့ပညာရေးဖြစ်တဲ့အတွက် ဘာမှ မပါလာဘဲနေရင် ပိုကောင်းတယ်”ဟု ဦးဝင်းနောင်က ဆိုသည်။

ကျောင်းအပ်ချိန်တွင် မိဘများအား ငွေမကုန်စေရန် လူတိုင်းအခမဲ့ ပညာသင်ယူ နိုင်သည့် အခွင့်အလမ်းရှိစေရန်အတွက် ရည်ရွယ်ပြီး နှစ်ဖက်စလုံးအား တားမြစ် ခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်ကို မလိုက်နာဘဲ ကျောင်းသားမိဘ များပေးသည့် ငွေကြေးနှင့် လက်ဆောင် ပစ္စည်းများကို လက်ခံပါက စည်းကမ်း ဖောက်ဖျက်သည့် ပညာရေးဝန်ထမ်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း ဦးဝင်းနောင်က ပြောသည်။

တိုင်းအတွင်း အခြေခံပညာကျောင်း ၁၃၃၇ ကျောင်းရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ငွေကြေး သို့မဟုတ် လက်ဆောင် ပစ္စည်းတစ်စုံတစ်ရာကို လက်ခံခြင်းမပြု ရန်နှင့် မည်သည့်အခကြေးငွေမျှ ကောက်ခံ ခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံ ဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များတွင် ရေးသားဖော်ပြထားသည်။

မိုးမြင့်