မြိတ်လျှပ်စစ်လုပ်ပိုင်ခွင့် ရုပ်သိမ်း၊ တင်ဒါခေါ်ချိန်အထိ စိမ်းလန်းစွမ်းအင် တာဝန်ယူရမည်

0
541

မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ   စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်း အချိန်မီအကောင်အထည်မဖော်နိုင်သည့် အတွက် မေလ ၁၈ ရက် နေ့စွဲဖြင့် စာထုတ်ကာ ယင်းကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းပါဝင်သည့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ်္ပဏီသည် မေလမှစ၍ ၁ ယူနစ်လျှင် ကျပ်၂၆၀ ဖြင့် ဖြန့်ဖြူးရမည်ဖြစ်သော်လည်း ဖြန့်ဖြူး ပေးနိုင်ခြင်းမရှိသည့်အတွက် လုပ်ကိုင်ခွင့် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းဝန်ကြီး ဦးအောင်သူရက မေလ ၂၄ ရက်က ပြော ကြားခဲ့သည်။

လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပြီး ၅ လ အတွင်း တင်ဒါပြန်ခေါ်မည်ဖြစ်ကာ ယင်း ကာလအတွင်း မူလကုမ္ပဏီအား ဆက်လက် လုပ်ကိုင်သွားစေမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

“ကျွန်တော်တို့မှာ ရွေးချယ်စရာ လည်း မရှိတော့ သူ့ကိုပဲ ယာယီသဘော လေး အတိုလေး ပြန်ပေးထားမှာပါ”ဟု ၎င်းက ပြောသည်။

ယာယီတာဝန်ယူနေစဉ်ကာလ အတွင်း မီတာခကို ယခင်မီးလင်းရေးအဖွဲ့ ၉ ဖွဲ့က သတ်မှတ်သည့် ဈေးနှုန်းထက် ၁၄ ရာခိုင်နှုန်းလျှော့ကာ ကောက်ခံရန် သဘောတူညီခဲ့ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်း၏ စီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ဆိုသည်။

“အစိုးရက ခိုင်းတဲ့ တာဝန်ဖြစ်သွား တဲ့အပေါ်မှာ အမြတ်မရလည်း ဆောင်ရွက် ပေးရမယ့် သဘောပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၉ ဖေဖော်ဝါရီလအထိ ယခင် မီးလင်းရေး ၉ ဖွဲ့မှလျှပ်စစ်တယူနစ်လျှင် ၄၂၅ ကျပ်ဖြင့်ကောက်ခံထားကြောင်း မြို့သစ်မီးလင်းရေးအဖွဲ့ ထံမှသိရသည်။

မြိတ်စိမ်းလန်းစွမ်းအင်အနေဖြင့်တစ် ယူနစ်လျှင် ကျပ်၂၆၀ နှုန်းမပေးနိုင်ခြင်းမှာ ကိုးရီးယားအခြေစိုက်ကုမ်္ပဏီ၏ ပျက်ကွက်မှုကြောင့် ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

စာချုပ်ပါစည်းမျဉ်းစည်းကမ်း ဖောက် ဖျက်သည့် ကုမ်္ပဏီအား အရေးယူနိုင် ရေး ဥပဒေချုပ်၏ သဘောထားမှတ်ချက်ကို ယူ၍ အစိုးရအဖွဲ့မှ ဆုံးဖြတ်သွားမည် ဖြစ်သောကြောင်း ၎င်းအနေဖြင့် ကြိုတင် ပြောဆိုပိုင်ခွင့်မရှိကြောင်း ဦးအောင်သူရက ပြောသည်။

“စာချုပ်ပါ စည်းမျဉ်းစည်းကမ်း တစ်ချက်ချင်းအပေါ်မှာ မူတည်ပြီးတော့ ဥပဒေချုပ်ရဲ့ သဘောထားမှတ်ချက် အနေ နဲ့ ကျွန်တော်တို့က ဆုံးဖြတ်ရမှာပါ”ဟု ၎င်းက ပြောသည်။

စာချုပ်စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမည်ဆိုပါက စပေါ်ငွေသိမ်းယူ ခြင်း၊ ကုမ်္ပဏီအားြူခေုငျအ ကြေညာ ခြင်း၊ မီးလင်းရေးအတွက် ဆောင်ရွက်ထား သည့် လုပ်ငန်းများအား အစိုးရထံ အပ်နှံပေးခြင်း စသဖြင့် အရေးယူဆောင် ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအနေဖြင့် တနင်္သာရီတိုင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရမှ မြိတ်စိမ်း လန်းစွမ်းအင်ကုမ္ပဏီအပေါ်လုပ်ပိုင်ခွင့် ရုပ်သိမ်းသည့် စာမှာ မေလ ၂၅ ရက်အထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဦးမျိုးအောင်က ပြောဆိုသည်။

မြိတ်မြို့ကို အစိုးရက တာဝန်ယူပြီး လျှပ်စစ်မီးပေးရန် ဒေသခံတစ်ဦး၏ တင်ပြလာမှုအပေါ် ၀န်ကြီးက ဘတ်ဂျက် ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်၌  အစိုးရတွင် အဆင်သင့်မဖြစ်သေးကြောင်း မေလ ၂၃ ရက်က မြိတ်မြို့ရှိ ပုလဲရတနာ ခန်းမ လူထုတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ကိုဆန်း