ထားဝယ်ခရိုင်လျှပ်စစ် တင်ဒါ အသစ်ထပ်ခေါ်ရန် ခြေလှမ်းပြင်

0
825

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါပြန်ခေါ်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လက်ရှိတွင် ခရိုင်လျှပ်စစ်တင်ဒါ အတွက် တင်ဒါခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေးသတ်မှတ်ရေးကော်မတီ၊ တင်ဒါစိစစ်ရေးနှင် အရည်အသွေးစစ်ဆေးရေး ကော်မတီ၊ လွှဲပြောင်းလက်ခံရေးကော် မတီများဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်အတွင်း လက်ရှိလျှပ် စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီ ကို စက်တင်ဘာလခန့်အထိ ကာလတို ဆက်လက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ကုမ္ပဏီနှင့် စာချုပ်အသစ်ပြန်ချုပ်ရမည် ဖြစ်ကြောင်း ၀န်ကြီးဦးအောင်သူရက ပြော သည်။

ကာလတိုစာချုပ်အသစ်ကို မေလကုန် ပိုင်းတွင် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ် ချုပ်ပြီး မှသာ တင်ဒါစခေါ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိစာချုပ်ကို ကာလတိုပြန်ချုပ် ပြီးမှ တင်ဒါပြန်ခေါ်မယ်။ နို့မို့ဆိုရင် ဥပဒေ ကြောင်းအရကို နည်းနည်းဆန့်ကျင် နေသလိုမျိုး ဖြစ်နေတယ်”ဟု ၀န်ကြီး ဦးအောင်သူရက ပြောသည်။

လျှပ်စစ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရေးကို သီးခြားစီခေါ်မည် သို့မဟုတ် တစ်ခု တည်းပေါင်းခေါ်မည်ကိုမူ တိုင်းအစိုးရ အဖွဲ့ အစည်းအဝေးတွင် တင်ပြဆွေးနွေးရ မည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

ယခုမေလတွင် အသုံးပြုနေသည့် လျှပ်စစ်ကို တစ်ယူနစ်လျှင်၂၅၀ ကျပ် တိုး မြှင့်ကောက်ခံခွင့်ပြုထားကြောင်း ၀န်ကြီးက ပြောဆိုထားသည်။

ကာလတိုစာချုပ်အသစ် မချုပ်ဆိုမီ လျှပ်စစ်ယူနစ်ဈေးတိုးကောက်မည့်အပေါ် ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

လျှပ်စစ်ယူနစ်ဈေးနှုန်းတိုးကောက် ခြင်းကို စာချုပ်အသစ် ချုပ်ဆိုပြီးမှသာ လုပ်ဆောင်သင့်ကြောင်း တနင်္သာရီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ဆို သည်။

“စာချုပ်တွေ သေချာကျကျနန ချုပ်ပြီးမှ ဒီကိစ္စ(တိုးကောက်တာ)တွေက လာမှာ။ စာချုပ်ချုပ်ပြီးမှ ဆောင်ရွက်သင့် တယ်”ဟု တိုင်းလွှတ်တော် ဒုဥက်္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

ဦးကြည်စိုးသည် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်းဆိုင်ရာ အထောက်အကူပြု ဗဟို ကြီးကြပ်မှု ကော်မတီတွင် ကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။

စာချုပ် ပြန်ချုပ်မည်ဆိုပါက စာချုပ် တွင် ပါဝင်သင့်သည့်အချက်များကို ကော်မတီ တွင် သေချာဆွေးနွေးပြီး ပြည်သူများထံမှ အကြံဥာဏ်ရယူကာ ချုပ်ဆိုသင့်ကြောင်း ဦးကြည်စိုးက ဆိုသည်။

စာချုပ်အသစ် မချုပ်ဆိုမီ လျှပ်စစ် ယူနစ်ဈေးနှုန်း တိုးကောက်ခွင့်ပြုခြင်းက စာချုပ်ဟောင်း မပျက်ပြယ်သေးသည့် အတွက် ယင်းစာချုပ်နှင့် လွဲချော်နေသည် ဟုမြင်ကြောင်း ဒေသတွင်း လျှပ်စစ်ပြဿနာ ဆိုင်ရာကိစ္စရပ်များ လှုပ်ရှားမှုကွန်ရက် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ဆိုသည်။

GGS ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ချုပ်ဆိုထားသည့် လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်တွင် လျှပ်စစ်တစ်ယူလျှင် (ဖြန့်ဖြူး ရေးစရိတ်မပါ) ကျပ် ၁၃၀ နှုန်းဖြင့် ထုတ် လုပ်ပေးရမည်ဟု ပါရှိသည်။

“အဂတိမှုနဲ့ စွဲခံနေရတဲ့ GGS ကုမ္ပဏီအနေနဲ့ စာချုပ်အသစ်ပြန်ချုပ် တယ်ဆိုတာက မဖြစ်သင့်ဘူး။ အခုလက်ရှိ အစိုးရအနေနဲ့ GGS ရဲ့ လုပ်ရပ်တွေကို ပြန်ပြီးသုံးသပ်ပြီး အမည်ပျက်စာရင်းသွင်းမယ်ဆို သွင်းသင့်တယ်”ဟု ကိုဝေဖြိုးက ဆိုသည်။

တင်ဒါခေါ်ပြီးပါက လျှပ်စစ်တစ်ယူနစ် ဈေးနှုန်း မည်မျှခန့် ကျသင့်လာနိုင် ကြောင်းကိုမူ ၀န်ကြီးက ဖြေဆိုရန် ငြင်း ဆန်သည်။

တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီ၏ နောက်ကြောင်းရာဇ၀င်၊ သင့်တင့်မျှတ သည့် ဈေးနှုန်း၊ တာဝန်ယူမှု တာဝန်ခံမှု၊ နည်းပညာပိုင်း ကျွမ်းကျင်မှု အစရှိသည့် အချက်များကို စံပြုရွေးချယ်မည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်သူရက ဆို သည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ရေးအတွက် သဘာဝဓာတ်ငွေ့ကို ယခင်က ပုဂ်္ဂလိက နှုန်းထားဖြင့် ၀ယ်ယူနေရပြီး မေလ ၁ ရက်မှစကာ အစိုးရနှုန်းထားဖြင့် ၀ယ်ယူခွင့်ရခဲ့ကြောင်း ၀န်ကြီးက ပြော သည်။

ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးစာချုပ် ကို GGS ကုမ္ပဏီနှင့် တိုင်းအစိုးရတို့က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးထားသည်။

ထိုနောက် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း တွင် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကိုပါ GGS ကုမ္ပဏီအား ယာယီ လုပ်ခွင့် ပြုသည်ဟုဆိုကာ ယနေ့အချိန်ထိ လုပ်ကိုင်ခွင့်ပြုထားသည်။

ကိုဇော်