တိုင်းအတွင်း သစ်ပင်သုံးသိန်း စိုက်ပျိုးမည်

0
500

တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် တွင် သစ်ပင်သုံးသိန်းကို လာမည့် ဇွန်လ ၁၉ ရက်တွင် ပြုလုပ်မည့် သစ်ပင်စိုက် ပွဲတော်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနထံမှ သိရသည်။

ယခင်နှစ်များက သစ်ပင်စိုက် ပွဲတော်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် မိုးရာသီတွင် သတ်မှတ် ရက်မရှိဘဲ စိုက်ပျိုးခဲ့ကြသော်လည်း ယခု နှစ်တွင် ဇွန်လ ၁၉ ရက်ကို သစ်ပင်စိုက် ပွဲတော်ရက်အဖြစ် သတ်မှတ်ကာ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် အိမ် ယာထူထောင်ရေး၊ လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများတွင် လိုအပ် သည့် သစ်တိုင်မျောထင်းများ လွယ်ကူ အဆင်ပြေစွာ ရရှိရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်စိုပြည်ရေး၊ ပြည်သူများ သစ်တော သစ်ပင်အပေါ်တွင် ချစ်ခင်တန်ဖိုးထား တတ်သည့် အသိစိတ်ဓာတ်များ ရှင်သန် စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုး ရန်အတွက် အချို့နေရာများတွင် မြေနေရာ အခက်အခဲရှိပြီး မြေနေရာကျယ်ဝန်းသည့် တက္ကသိုလ်၊ ကျောင်းများတွင် ဦးစားပေး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းင်းက ပြော သည်။

ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ အသောက၊ အော်ရီရှား၊ မန်ဂျန်ရှား၊ ယမနေ၊ ပင်လယ်ကဗွီး၊ ၀ါးဘိုး စသဖြင့် သစ်ပင်အမျိုးအစား ၂၀ကျော်ကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်