မြိတ်နှင့် ထားဝယ်တွင် ကိုကိုးပင် ငါးဧကနှင့် နှစ်ဆယ့်ငါးဧကကြား ထပ်စိုက်မည်

0
602

ထားဝယ်ခရိုင်ရှိ မြို့နယ်လေးမြို့ နယ်နှင့် မြိတ်ခရိုင် ပုလောမြို့နယ်တို့တွင် တစ်မြို့နယ်လျှင် တစ်ဧကမှ ၅ ဧကကြား စုစုပေါင်း ၅ ဧကမှ ၂၅ ဧကကြား ကိုကိုး ပင်များထပ်စိုက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ်က ရေဖြူမြို့နယ် ကလိန်အောင် မြို့တွင် ကိုကိုးပင်တစ်ထောင်ခန့် စိုက်ပျိုးခဲ့ ရာ အောင်မြင်သည့်အပြင် ပြစ်သစ်၊ ဂျပန်၊ ကိုးရီယားနိုင်ငံများက ကိုကိုးသီး များကို ၀ယ်ယူရန် လာရောက်လေ့လာမှု များရှိသဖြင့် ထပ်မံစိုက်ပျိုးခြင်းဖြစ် ကြောင်း အထက်ပါဦးစီးဌာန မျိုးစေ့ တာဝန်ခံ ဦးဝင်းအောင်ကပြောသည်။

“တောင်သူတွေကို နည်းပညာပံ့ပိုး ပေးပြီးတော့ စိုက်ခိုင်းမှာ”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ထားဝယ်မြို့နယ် ပကာရီ ကျေးရွာအနီးရှိ ရှစ်မိုင်တွင်လည်း ငါးဧက ရှိ ကိုကိုးစံပြစိုက်ခင်းတစ်ခုကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးဝင်းအောင်က ပြောသည်။

ချော့ကလက်ကို အဓိကထုတ်လုပ် ပေးသည့် ကိုကိုးပင်သည် ပူပြင်းလွန်းသည့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိဘဲ မိုးများ ပြီး စိုထိုင်းဆများသည့် ဒေသများတွင်သာ ရှင်သန် ပေါက်ရောက်နိုင်သည့် အပင် အမျိုးအစား ဖြစ်သည်။

တနင်္သာရီတိုင်းသည်လည်း မိုးများ သည့် ဒေသတစ်ခုဖြစ်သောကြောင့် ကိုကိုးပင် စိုက်ပျိုးအောင်မြင်နိုင်သည့် ဒေသဖြစ် ကြောင်း ဦးဝင်းအောင်က ပြောသည်။

ကိုကိုးပင်သည် သုံးနှစ်သားအရွယ်တွင် အသီးစတင်ခူးနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး