မြိတ် – တနင်္သာရီ ကားလမ်းမပေါ် ရပ်နားထားသည့် ယာဉ်ပေါ် မူးယစ်ဆေးများ ဖမ်းမိ

0
653

မြိတ်-တနင်္သာရီကားလမ်းမပေါ်ရှိ ဇလုံးကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းအနီးတွင် မေလ ၁၉ ရက် ည ၇ နာရီအချိန်ခန့်က မင်္သကာဖွယ်ရပ်နား ထားသည့် မော်တော်ယာဉ်အား စစ်ဆေး ရာမှ ကျပ်သိန်းငါးရာကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းထံမှ သိရသည်။

ယင်းကျေးရွာသည် တနင်္သာရီ မြို့နယ် အရှေ့မော်တုံးကျေးရွာအုပ်စုတွင် ပါဝင်သည်။

မော်တော်ယာဉ်ပေါ်တွင် စိတ်ကြွမူး ယစ်ဆေးပြား တစ်သောင်းကျော် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ်္စည်းများနှင့်အတူ အသက် ၂၀ ကျော် အရွယ်ရှိ ယာဉ်မောင်းအမျိုးသမီးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

စစ်ဆေးနေစဉ် မော်တော်ယာဉ် နောက်ခန်းတွင် လိုက်ပါလာသည့် အခြား အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးသွားခဲ့ ကြောင်း တနင်္သာရီမြို့မ ရဲစခန်းမှ သိရသည်။

“ထွက်ပြေးသွားတဲ့သူကို ညတွင်း ချင်း ဖမ်းမိခဲ့တယ်”ဟု တနင်္သာရီမြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီး မိသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တစ်ဦးတို့အား တနင်္သာရီမြို့မရဲစခန်းက မယ(ပ)၉/၂၀၁၉၊  မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

Dawei Watch