ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
692

၂၇-၅-၂၀၁၉ မှ ၂-၆-၂၀၁၉ထိ

တနင်္ဂနွေ

အမွေအနှစ် ရရှိတတ်သည်။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ လှပသော နာရီဝင်မည်။ လူမျိုးခြား၊ ရပ်ဝေးမြေခြား ကိစ္စများ အဆင်ပြေမည်။ ခါးနာခြင်း သတိထားပါ။ မေတ္တာရေး သည်ကား မိမိမေတ္တာသည် သူတစ်ပါးကို တုပ်နှောင်ချည်ထားခြင်းမျိုး မဖြစ်ပါစေနှင့်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အနီရောင်

မသွားသင့်သော အရပ်             – အနောက်အရပ်

ယတြာ                               – မုန့်ဟင်းခါး တစ်ချိုင့် ဘုန်းကြီးကျောင်းသို့ သွားရောက် လှူဒါန်းပါ။

တနင်္လာ

စိန်ထည်ပစ္စည်းများ ၀င်မည်။ အတိုက်အခံပြောဆိုရမည့် ကိစ္စ၊ တရားတပေါင်ကိစ္စများ ရှိလည်း သင်အောင်နိုင်မည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ သင်ကြိုးစားသလောက် အောင်မြင်မည်။ အဆုတ်၊ ၀မ်းဗိုက်နှင့်ပတ်သက်၍ ရောဂါရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူ စိတ်ဆိုး၍ မိမိချော့ရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ ဇီးရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                               – သစ်ခွပန်း ဘုရားပန်းအဖြစ် ကပ်လှူပါ။

အင်္ဂါ

ပညာရှာသူများ အခွင့်အလမ်းကောင်းများ ရရှိမည်။ ဘာပဲဆောင်ရွက်ရွက် အဆင်ပြေမည့်ကာလ ဖြစ်သည်။ သတင်းကောင်းများ ကြားရမည်။ ရွှေထည်ပစ္စည်း(သို့) ဆိုင်ကယ်၊ ယာဉ်ထွက်တတ် သည်။ လည်ချောင်း ၊ အဆုတ်ကျန်းမာရေး သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူကို သင့်မေတ္တာများ ဖွင့်ပြောရန် သင့်တော်သောကာလ ဖြစ်၏။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                               – နှင်းဆီအ၀ါ (၇)ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး

သင်၏ လုပ်ငန်းအောင်မြင်တိုးတက်မှုနှင့်သာ ကြုံရမည်။ ပြောသမျှ ဆိုသမျှ အဆင်ပြေမည်။ မိတ်ဆွေများ၏ အထင်အမြင်လွဲမှု ဖြစ်တတ်သည်။ အိမ်သစ်တက်ခြင်း မင်္ဂလာကြုံရတတ်သည်။ လည်ချောင်း၊ အဆုတ်နှင့် ပတ်သက်၍ ကျန်းမာရေးသတိထားပါ။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာပြုရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အဖြူရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်             – အနောက်တောင်အရပ်

ယတြာ                               – မေမြိုပန်း ဘုရားကပ်လှူပါ။

ကြာသပတေး

စပ်တူ၊ ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ သားသမီး ရတနာရမည်။ ရှေးဟောင်းပစ္စည်းများ၊ ပန်းချီဓာတ်ပုံများ လက်ဆောင်ရမည်။ အခြေအနေကောင်းနှင့် ဘ၀တိုးတက်မည့် ကာလဖြစ်သည်။ အာရုံကြော မျက်စိအားနည်းတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ မောင်ပျော်ရမည့် ကာလဖြစ်သည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ ရွှေရောင်

အကျိုးမပေးသောအရောင်        – အပြာရောင်၊ အဖြူရောင်

ယတြာ                               – ပန်းသစ်တော်သီး၂ လုံးကို ခွဲစိတ်၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ငွေကြေးအလုံးအရင်း ၀င်မည်။ စီးပွားဥစ္စာတိုးမည်။ ဆေးဝါးတိုးပြီး ကျန်းမာရေးကောင်းမွန်မည်။ လျှပ်စစ်မီးအန္တရာယ် ဒုက္ခပေးတတ်သည်။ ပညာရေးကောင်းမွန်မည်။ သွား၊ ခံတွင်းနှင့် ပတ်သက်၍ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ်၊ အချစ်မှန်နှင့် လက်တွဲရမည်။

အကျိုးပေးသောအရောင်           – အနီရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                               – ဗောဓိညောင်ပင်အား ရေသက်စေ့လောင်းလှူပါ။

စနေ

မြေ၀င်မည်။ လူမျိုးကွဲတို့ ကူညီမစမည်။ လူချစ်လူခင် ပေါများမည်။ ကုမ္ပဏီ အင်တာဗျူးဖြေဆိုရမည့် ကိစ္စများ အဆင်ပြေမည်။ ရတနာပစ္စည်း များဝင်မည်။ မိမိအိမ်ရှိ ဖခင်ဦးကြီးကျန်းမာရေး ဂရုပြုပါ။ ကျန်းမာရေးနှင့် ပတ်သက်၍ အသေးစား၊ သွေးထွက်သံယို ဖြစ်တတ်သည်။ မေတ္တာရေး သည်ကား အစစအရာရာ အဆင်ပြေချောမွေ့မည်။

အကျိုးပေးသော အရောင်         – ဇီးရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – အနောက်အရပ်

ယတြာ                               – ရွှေရင်အေး မုန့်ဘုရားဆွမ်းတော်ကပ်လှူပါ။

                                                 လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                  ဝေဒလက္ခဏသုတေသီ