လူထုတွေ့ဆုံပွဲများနှင့် သတင်းအချက်အလက်ရရှိမှု

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပြီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်အပြီး တနင်္သာရီတိုင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်။ အဲဒီတုန်းက တိုင်းရဲ့ တာဝန်အရှိဆုံး ၀န်ကြီးချုပ် ပြုတ်ကျသွားတဲ့အထိပေါ့။ အတိုင်ပင်ခံရဲ့ သုံးသပ်ချက်နဲ့ လမ်းညွှန်ချက်တွေလည်း တသီတတန်းကြီး ထွက်လာခဲ့တယ်။

အဲဒီအထဲက စိတ်ဝင်စားဖို့ကောင်း တဲ့အချက်တစ်ခုက တိုင်းအစိုးရအနေနဲ့ လူထုနဲ့တွေ့ဆုံမှုတွေ များများလုပ်ဖို့ ဆိုတာပါ။

ခုနောက်ပိုင်းသတိထားမိလာတာက တိုင်းအစိုးရရဲ့တရားဝင်လူမှုကွန်ရက် စာမျက်နှာဟာ အတော်ကလေး လှုပ်လှုပ် ရှားရှား အသက်ဝင်လို့ လာတာကိုပါ။ အားရစရာကောင်းလောက်အောင် သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်လာ တာကို တွေ့လာနေရတယ်။ ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ရဲ့လှုပ်ရှားမှုတွေ၊ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ချက်ချင်းနီးပါး တွေ့လာရတယ်။

သို့ပေမယ့် မေလ ၁၅ ရက်က ထားဝယ် မြို့မှာ လုပ်သွားတဲ့ လူထုတွေ့ဆုံပွဲကို ပြည်သူတွေ ဖိတ်ကြားမခံရတာ၊ သတင်း အချက်အလက် မရတာ အစရှိတဲ့ အသံတွေလည်း ကြားရတယ်။ ခန်းမထဲလုပ်ရတာ ဖြစ်တဲ့အတွက် လူဦးရေအကန့်အသတ် ရှိတာကြောင့် နားလည်ပေးစေလိုကြောင်း၊ ဖိတ်ကြားမခံရတဲ့သူတွေအနေနဲ့ အကြောင်း ကိစ်္စတစ်စုံတစ်ရာရှိပါက အစိုးရအဖွဲ့ရုံးသို့ ဖြစ်စေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးက တစ်ဆင့်ဖြစ်စေ စာရေးသားပေးပို့လို့ရကြောင်း ၀န်ကြီးချုပ်က ဆိုတယ်။ လူထုနဲ့ မထိတွေ့ မဆက်ဆံတာထက်စာရင် အခုလို ဆောင်ရွက်ချက်တွေက တိုးတက်ပြောင်းလဲမှုတစ်ခုလို့ ကောက်ချက်ဆွဲလို့ ရတဲ့အနေအထားတစ်ခုကိုတော့ ရောက် လာတယ်လို့ ဆိုရပါမယ်။

ဒီမှာ ဆွေးနွေးလိုတာက သတင်းအချက်အလက်ရရှိမှု အကြောင်းပါ။ လူထုဟာ သူတို့နဲ့သက်ဆိုင်တဲ့အကြောင်း ကိစ်္စတွေကို ဆွေးနွေးဆုံးဖြတ် အကောင် အထည်ဖော်ကြမယ့် တွေ့ဆုံဆွေးနွေးမှု တွေနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ရရှိပါသလားဆိုတဲ့ မေးခွန်းကို မေးမြန်းကြည့်ဖို့ ဖြစ်ပါတယ်။

အစိုးရက ဦးဆောင်အကောင် အထည်ဖော်မယ့် အလုပ်မျိုးဖြစ်စေ၊ လူမှု အသင်းအဖွဲ့  သို့မဟုတ် စီးပွားရေးလုပ်ငန်းစု တစ်ခုကပဲ ဖြစ်စေ လူထုနဲ့ပတ်သက် ဆက်စပ်နေတဲ့ အလုပ်တွေကို လုပ်ကိုင်ကြ တဲ့အခါ ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်မှာ လူထုပါဖို့ လိုပါမယ်။ အထူးသဖြင့် လူထုနဲ့လူမှုဝန်းကျင်အပေါ် ကြီးမား ကျယ်ပြန့်ပြီးရေရှည် အကောင်းအဆိုး အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့၊ ဖြစ်လာနိုင်ခြေရှိတဲ့ အလုပ်တွေအတွက် ဆုံးဖြတ်ချက်တွေ မချခင်မှာ လူထုကို အသိပေး ဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဒါဟာ အနှစ်သာရရှိတဲ့ ဒီမိုကရေစီ စံနှုန်းတစ်ခုလည်း ဖြစ်ပါတယ်။

လူထုတွေ့ဆုံပွဲတွေအကြောင်းပြောရင် ဖွံ့ဖြိုးရေးစီမံကိန်းတွေအကြောင်းက မပါမဖြစ် ပါရပါမယ်။ ၂၀၁၃ ခုနှစ် နှောင်းပိုင်းမှာ ထွက်လာတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ စီမံကိန်း တွေဟာ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ဖို့ တာဝန်ရှိလာပါတယ်။ အနှစ်သာရပြည့်ဝ ပြီး လူထုပါဝင်မှု အပြည့်အ၀ရှိတဲ့ တွေ့ဆုံပွဲ တွေဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရမယ်ဆိုတဲ့ အသေးစိတ် လုပ်ထုံး လုပ်နည်းတွေလည်း ရှိပါတယ်။

၂၀၁၄ နဲ့ ၂၀၁၈ ကြားမှာ သယံဇာတ ထုတ်ယူမှုနဲ့ သက်ဆိုင်တဲ့ လူထုတွေ့ဆုံပွဲ အတော်များများ ပြုလုပ်ခဲ့တာကို သတိထား မိပါတယ်။ ဥပေဒေ ပြဋ္ဌာန်းချက်များ အတိုင်း အားလုံးမဟုတ်ရင်တောင် အနှစ်သာရ ပြည့်ဝတဲ့ လူထုတွေ့ဆုံပွဲမျိုးတွေဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ကုမ္ပဏီတွေလည်းရှိသလို မည်ကာ မတ်္တပွဲဖြစ်ရုံလုပ်သွားတဲ့ တွေ့ဆုံပွဲတွေ လည်း အများကြီးပါ။

အထူးအားဖြင့် လူထုတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး တွေ့ရအများဆုံးက လူထုဟာ သတင်းအချက်အလက် မရတာပါ။ များသောအားဖြင့် တွေ့ဆုံပွဲပြုလုပ်ဖို့ ဖိတ်စာ သို့မဟုတ် နှုတ်ဖြင့် ဖိတ်ကြားခြင်းကို အချိန်ကပ်မှ သိရတာမျိုးတွေက အတွေ့ရများပါတယ်။ အဲဒီလိုဖြစ်ရတာ ကလည်း အကြောင်းအမျိုးမျိုးပေါ်မှာ အခြေခံပါတယ်။ မည်သို့ ဆိုစေကာမူ တွေ့ဆုံပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ဦးဆောင် အကောင်အထည် ဖော်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ဒေသနေ ပြည်သူလူထု ကြိုတင်သိရှိအောင် ဆောင်ရွက်ထားရပါမယ်။ အကြောင်းအမျိုး မျိုးကြောင့် ကြန့်ကြာနေရင်သော်မှ ထိုသို့ ကြန့်ကြာရခြင်း အကြောင်းကို ထုတ်ဖော် ပြောဆိုသင့်ပါတယ်။ ဒါမှလည်း ပိုကောင်းတဲ့ စနစ်တစ်ခုကို ဘယ်လိုအတူတကွ ဘယ်လို ဖော်ဆောင်ကြမလဲဆိုတာကို အဖြေရှာနိုင်မယ်လို့ ယူဆပါတယ်။

များသောအားဖြင့် အတွေ့ရများတာက အစိုးရဦးဆောင်ပြီး ပြုလုပ်တဲ့ တွေ့ဆုံပွဲ တွေပဲဖြစ်ဖြစ်၊ ကုမ်္ပဏီတွေက ပြုလုပ်တဲ့ တွေ့ဆုံပွဲတွေမှာပဲဖြစ်ဖြစ် ဖိတ်ကြားလွှာ တွေကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေ ကနေတစ်ဆင့် ပေးပို့တာပါ။

ပုံမှန်အားဖြင့် ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးတွေဟာ ၎င်းင်းတို့နဲ့လက်လှမ်းမီရာ ကို ဖုန်းနဲ့သော်လည်းကောင်း၊ လူကြုံနဲ့ သော်လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း ဖိတ်ကြားလေ့ ရှိကြပါ တယ်။ ဒီနေရာမှာ ကျေးရွာအုပ်ချုပ်ရေး မှူး/ ရာအိမ်မှူးတွေဆီကို တွေ့ဆုံပွဲတွေ မပြုလုပ်ခင် ဖိတ်ကြားမှုဆောင်ရွက်ပေးဖို့ ဖိတ်ကြားစာ၊ သတင်းစကားကို အချိန် ဘယ်လောက်ကြိုတင်ပြီး ရောက်ရှိသလဲ ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေကျပြန် တော့ ဖိတ်ကြားစာ/သတင်း စကားကို ကြိုတင်ရရှိသော်ငြား ဖိတ်ကြားခြင်း၊ သတင်းဖြန့်ဝေခြင်း မလုပ်နိုင်တဲ့ အခြေ အနေမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့် ဝေးလံခေါင်ဖျားပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ပထ၀ီအခြေအနေမျိုးမှာ ပိုဆိုးပါမယ်။ (စကားချပ် ။     ။ လုပ်ခ လစာ နည်းပါးစွာသာ ရရှိပြီး ကျေးရွာအုပ်စု တစ်ခုလုံးရဲ့ တာဝန်အ၀၀ကို ထမ်းဆောင်နေရတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အလုပ်လုပ်နိုင်စွမ်းအားကို ပြန်လည် သုံးသပ်ဖို့ လိုပါမယ်။)

ဒီနေရာမှာ ဥပမာတစ်ခုကို စဉ်းစား ကြည့်ကြရအောင်။

အစိုးရက ဦးဆောင်ပြီး လမ်းမကြီး တစ်ခုဖောက်လုပ်မယ်ဆိုပါစို့။ လမ်းဟာ ဌာနေတိုင်းရင်းသား ထောင်ပေါင်းများစွာရဲ့ အသက် ရှင်သန်မှုတွေ အမှီသဟဲပြု နေရတဲ့ ရေမြေတောတောင်တွေ အပါအ၀င် သူတို့ရဲ့ သီးပင်စားပင်တွေကို ဖြတ်သန်း ဖောက်လုပ်ရမယ့် အခြေအနေမျိုးပါ။ ဥပဒေအရ သက်ဆိုင်ရာဌာနဟာ လူထု တွေ့ဆုံပွဲ ပြုလုပ်ပါတယ်။ လုပ်ထုံးလုပ် နည်းအတိုင်း တွေ့ဆုံပွဲ ဖိတ်ကြားစာကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တွေဆီကို ပို့လိုက်ပါတယ်ဆိုပါစို့။ ဌာနဟာ ဖိတ်ကြားစာကို ဘယ်အချိန်မှာ ပို့တယ်ဆိုတာ မသိရပေမယ့် အကြောင်းကြားစာတွေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံကို ရောက်ရှိချိန်ဟာ ဆွေးနွေးပွဲ ပြုလုပ်ဖို့ ၂ ရက်သာ လိုတော့တဲ့ အခြေ အနေမျိုးဆိုပါစို့။ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးထံကနေ ဖိတ်ကြားစာကို ရာအိမ်မှူးတွေ လက်ထဲ အရောက်ပို့နိုင်တဲ့ အချိန် မှာ တွေ့ဆုံပွဲပြုလုပ်ဖို့ အချိန်တစ်ရက်သာ လိုပါတော့တယ်။ ဒေသဓလေ့အရ ဌာနေတိုင်းရင်းသားတွေဟာ တစ်ပတ်လုံးလုံး တောထဲတောင်ထဲ ခြံထဲကိုင်းထဲမှာသာ အလုပ်သွားရောက် လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး စနေ၊ တနင်္ဂနွေသာ ဘုရားဝတ်ပြုရန် ဘုရားကျောင်းရှိရာ ရွာကို ပြန်လာကြသူ တွေဆိုပါစို့။ ဒီလိုအနေအထားမှာ ကျေးရွာသူရွာသားတွေအနေနဲ့ သူတို့ဘ၀ ရပ်တည်မှု အပါအ၀င် သူတို့ရဲ့ လူမှုဘ၀ နဲ့ပတ်ဝန်းကျင်ကို အကြီးအကျယ် အပြောင်းအလဲဖြစ်လာစေနိုင်တဲ့ ဒီလမ်းမ ကြီးဖောက်လုပ်မှုမှာ သူတို့ရဲ့အမြင် သဘောထားတွေကို ဆွေးနွေးနိုင်ဖို့ဆိုတာ အခက်အခဲက အကြီးကြီးပါ။

လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ ဌာနဟာ လူထုတွေ့ဆုံပွဲကို ဆက်လုပ် တယ်ဆိုပါစို့။ တွေ့ဆုံပွဲကိုလည်း မြို့ပေါ် မှာပဲပြုလုပ်တာ ဒါမှမဟုတ် စီမံကိန်း ရုံးစိုက်ရာနေရာမှာသာ ပြုလုပ်တယ် ဆို ပါစို့။ တွေ့ဆုံပွဲကို ရောက်ရှိလာသူ အများစုဟာ ဌာနဆိုင်ရာတွေ၊  မြို့ပေါ် သို့မဟုတ် မြို့နဲ့နီးစပ်တဲ့ကျေးရွာတွေက စီးပွားရေးလုပ်ကိုင်သူတွေ၊ ကုန်သည်တွေ၊ ခရီးသွားလာမှုနဲ့ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ အများစုဖြစ်နေတယ်ဆိုပါစို့။ ဒီမှာ ဖြစ်နိုင်တာက တွေ့ဆုံပွဲဟာ “အားလုံး ကောင်းပါသည်”နဲ့ အဆုံးသတ် သွားတာ ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့လမ်းမကြီး တကယ် ဖောက်တဲ့အခါမှာ လမ်းတစ်လျှောက် မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ စီမံကိန်းအကောင်အထည်ဖော်သူတွေ အကြား ပဋိပက်္ခတွေဖြစ်တာ၊ ဒေသနေ ပြည်သူလူထု မှီခိုစားသောက်နေရတဲ့ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ မပျက်စီး အောင် ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုတာ သက်ဆိုင်ရာကျေးရွာတွေက ပြည်သူ လူထုနဲ့ ကြိုတင်ညှိနှိုင်း သဘောတူထား တာ မရှိတာကြောင့် ဒေသနေပြည်သူတွေ ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်တာ အစရှိတဲ့ မလိုလားအပ်သော ဆိုးကျိုးတွေ ဖြစ်လာဖွယ်ရာ ရှိပါတယ်။

အချုပ်ပြောရရင် လူထုတွေ့ဆုံပွဲ တွေ ပြုလုပ်တာဟာ ကြိုဆိုစရာ ဖြစ်ပါ တယ်။ အဲဒီမှာ သတင်းအချက်အလက်ကို တိုက်ရိုက်ပတ်သက်ဆက်စပ်သူတွေဆီ ကြိုတင်ရောက်ရှိနိုင်အောင် စီစဉ်ဆောင်ရွက် နိုင်ဖို့ အရေးကြီးပါတယ်။ စီမံကိန်း တွေနဲ့ပတ်သက်ရင် ဥပဒေပြဋ္ဌာန်းချက် တွေကြောင့် အလုပ်ဖြစ်ရုံလုပ်တာမျိုး မဖြစ်အောင် သတိထားရပါမယ်။ ပါဝင်သင့် သူတွေ ပါဝင်လာပြီး အနှစ်သာရ ပြည့်ဝ တဲ့ လူထုတွေ့ဆုံမှု၊ တော်တည့်မှန်ကန်တဲ့ သတင်းအချက်အလက်စီးဆင်းမှု၊ ပိုမို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချမှု ဖြစ်စဉ် တွေ တိုးတက်ဖြစ်ပေါ်လာဖို့ ကြိုးပမ်း ဆောင်ရွက်ကြရပါမယ်။        ။

အောင်လွင်(ကံပေါက်သား)