တင်သွင်းခွင့်ပိတ်ထားသည့် အုန်းမွှေးသီး ထားဝယ်တွင် ရောင်းနေဆဲ

0
1088

နယ်စပ်ဂိတ်များမှတစ်ဆင့် တနင်္သာရီ တိုင်းအတွင်းသို့ အုန်းမွှေးသီးတင်သွင်း ခွင့်ကို ထိုင်းနိုင်ငံဘက်က တားမြစ်ထား သော်လည်း ထားဝယ်ဈေးကွက်တွင် အုန်းမွှေးသီးများကို ရောင်းချနေဆဲဖြစ်သည်။

အုန်းမွှေးသီး၊ ထိုင်းဒူးရင်းသီးနှင့် ဒူးရင်းပျိုးပင်များ တနင်္သာရီတိုင်းဘက်သို့ တင်သွင်းခွင့်ကို ထိုင်းနိုင်ငံက တားမြစ်ထားကြောင်း တနင်္သာရီတိုင်းစိုက်ပျိုးရေးဦးစီး ဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံက တားမြစ်ထားသည့် ဒူးရင်းသီးမှာ လက်ရှိထားဝယ်ဈေးကွက်တွင် ရောင်းချခြင်းမရှိသော်လည်း အုန်း မွှေးသီးများမူ ရောင်းချနေဆဲဖြစ်ပြီး တစ်လုံးလျှင် ကျပ်တစ်ထောင်မှ တစ်ထောင့် နှစ်ရာအကြား ဈေးပေါက်နေကြောင်း ထားဝယ်မြို့ရှိ သစ်သီးရောင်းဆိုင် အချို့ ထံမှသိရသည်။

“အခုကမိုးရာသီဆိုတော့ (အုန်းမွှေးသီး)  သိပ်မရောင်းရတော့ဘူး။ လိုချင်တဲ့သူရှိလို့ အော်ဒါမှာရင်တော့ မှာပေးလို့ ရတယ်။ မနက်မှာရင် ညနေရပြီ” ဟု ထားဝယ်မြို့ရှိ သစ်သီးအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထားဝယ်ဈေးကွက်အတွင်းရောင်းချနေသည့် အုန်းမွှေးသီးများမှာ ထီးခီး နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်ကြောင်း ယင်း သစ်သီးအရောင်းဆိုင်ပိုင်ရှင်အချို့က ပြောသည်။

အုန်းမွှေးသီး၊ ထိုင်းဒူးရင်းသီးနှင့် ဒူးရင်းပျိုးပင်များကို ထိုင်းဘက်က တား မြစ်ထားသော်လည်း မြန်မာနိုင်ငံဘက်ကမူ တားမြစ်ထားခြင်းမရှိကြောင်း တနင်္သာရီ တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရ သည်။

ထိုင်းနိုင်ငံဘက်က တားမြစ်ထားသည့် အကြောင်းရင်းကို မသိရကြောင်း ယင်းဌာန စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

တနင်္သာရီတိုင်းရှိ မောတောင်၊ ထီးခီး၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ အုန်းမွှေးသီး၊ ပန်းသီး၊ ခရမ်း ချဉ်သီး၊ ငရုတ်၊ သခွားသီး စသည့် သစ်သီး ဆယ်မျိုးကိုတင်သွင်းခွင့်ပြုထားကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံ မှသိရ သည်။

သို့သော် ထားဝယ်ဈေးကွက်အတွင်းမှ ထိုင်းနိုင်ငံမှ သစ်သီးဆယ်မျိုးထက်ပို၍ အလွယ်တကူ ၀ယ်ယူရရှိနေသည်။

Dawei Watch