အမှိုက်ကန်မှ တစ်ပတ်လျှင် သတ္တုနှင့် ပလတ်စတစ် ဆယ်တန်ကျော် ရန်ကုန်တင်ပို့

0
696

ထားဝယ်အမှိုက်ကန်တွင် စွန့်ပစ်သည့် အမှိုက်များအနက် ပြန်လည်ရောင်း ချနိုင်သည့် သတ္တုနှင့် ပလတ်စတစ်အမှိုက် ၁၀ တန်ကျော်ကို လစဉ် ရန်ကုန်သို့ တင်ပို့နေကြောင်း (AA) အမှတ်တံဆိပ်ပါ အော်ဂဲနစ်မြေဆွေးထုတ်လုပ်ရောင်းချသည့် အဖွဲ့ထံမှ သိရသည်။

အမှိုက်အမျိုးအစား နှစ်ဆယ်ကျော်အား အမှိုက်ကောက်သူ အလုပ်သမားများထံမှ အမျိုးအစားခွဲကာ ၀ယ်ယူပြီး ရန်ကုန်သို့ ပြန်လည်တင်ပို့ရောင်းချခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ အမှိုက်ကန်တွင် အော်ဂဲနစ်မြေဆွေးထုတ် လုပ်ရန် ရည်ရွယ်ခဲ့ပြီး အမှိုက်ရောင်း ၀ယ်ခြင်းကိုပါ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အလုပ်ရုံ တာဝန်ခံ ဦးတင်သန်းက ပြောသည်။

တစ်ရက်လျှင် အမှိုက်ကား  ၁၃ စီး ခန့်မှ လာရောက်စွန့်ပစ်သည့် အမှိုက်ထဲ တွင် ရောင်းချရသည့် ရေသန့်ဗူး၊ ဘီယာဗူး၊ ပုလင်း၊ သံတိုသံစ၊ သံဗူးများ၊ ပလစ်စတစ်အိတ်၊ ဆာလာအိတ်၊ စက္ကူ စသဖြင့် အမျိုးအစားများစွာထပ်ကွဲသွားကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကတော့ အစိုးရကိုလည်း ကူညီရာတစ်ပိုင်းနဲ့ ဦးတို့လည်း အလုပ် ဖြစ်အောင်ဆိုတဲ့ သဘောလောက်ပဲ၊ အမှိုက်လျော့ကျဖို့ကို အဓိကထားပြီးလုပ်တာ၊ ဘာမှမလုပ်ဘဲ နေရင်ဒီအမှိုက်ကန် ကြီးပြည့်လာပြီး နေရာတစ်ခုရှာရတော့မယ်၊ လိုအပ်တာကိုလည်း အစိုးရအဖွဲ့ တွေ စည်ပင်တွေ ကူညီပေးတယ်”ဟု ဦးတင်သန်းက ဆိုသည်။

ရန်ကုန်ထက် အနည်းငယ်ပိုသည့် မီတာခရရှိပါက ရန်ကုန်သို့ မတင်ပို့တော့ဘဲ ကော်ပစ္စည်းများပြန်လုပ်သွားရန် အစီအစဉ်ရှိကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

မိုးမြင့်