ပန်းရန်ဆရာတစ်ဦး သတ်ခံရ၊ တရားခံဟုယူဆရသူ ၃ ဦးကို နာရီအနည်းငယ်အတွင်း ဖမ်းမိ

0
538

မြိတ်မြို့၊ ရေနံမြေတံတားတွင် ပန်းရန်ဆရာတစ်ဦးအား ဓားဖြင့်ခုတ်သတ်ကာ ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံ ၃ ဦးကို နာရီ အနည်းငယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

မေလ ၁၇ ရက် နံနက် ၃ နာရီအချိန် က ဓားဖြင့်ခုတ်ကာ ထွက်ပြေးခဲ့ပြီး နံနက် ၈ နာရီခွဲခန့်တွင် အဆိုပါ တရားခံဟုယူဆရ သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။

“မနက်စောစော လာတိုင်ပြီး ၁ နာရီ အတွင်းမှာ ဖမ်းမိတယ်” ဟု စခန်းမှူးက ပြောသည်။

အခင်းဖြစ်ပွားစဉ် ဓားဖြင့်အခုတ်ခံရ သူသည် ရေနံမြေတံတားပေါ်မှ ချောင်း အတွင်းသို့ ခုန်ချသွားကာ ဓားဖြင့်ခုတ်သူ များသည်လည်း ဆိုင်ကယ်ဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

အသက် ၄၄ နှစ်ရှိ ပန်းရံဆရာသည် ဒဏ်ရာများဖြင့် ရေနံမြေ ချောင်းအတွင်း သေဆုံးနေကြောင်း ယင်းရပ်ကွက်နေ ပြည်သူများနှင့် ရဲမှတ်တမ်းမှ သိရသည်။

သေဆုံးသူပန်းရန်ဆရာနှင့် ဓားဖြင့် ခုတ်သူတို့သည် ယခင်က ပန်းရန်လုပ်ငန်း အတူတူ လုပ်ခဲ့ဖူးကြောင်း ရဲစခန်း မှတ်တမ်း၌ ဖော်ပြထားသည်။

လက်ရှိအချိန်၌ ပြစ်မှုကျူးလွန်သူ နှင့် ပူးပေါင်းပါဝင်သူ အသက် ၂၀ ကျော် အရွယ် လူငယ်သုံးဦးအား မြိတ်ရဲစခန်းမှ အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ရဲစခန်း ထံမှ သိရသည်။

 ကိုဆန်း