စကားများရာမှ ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် ဇနီးသေဆုံး

0
426

ကော့သောင်းမြို့နယ်၊ လုံးဖောရွာတွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သဖြင့် ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေလ ၁၀ ရက် နံနက် ၉ နာရီခွဲခန့် က ကမ်းနားလမ်းရေဆိပ်အနီးရှိ ခြောက်ခန်း တွဲတန်းလျားတွင် နေထိုင်သည့် လင်မယား စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းအရ သိရသည်။

အသက် ၃၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူက အရိုး၊ အသွား ၁၀ လက်မခန့်ရှိ သံရိုးတပ်ထားဖြင့် ခုတ်ခဲ့ရာ ဇနီးဖြစ်သူ၏ ဂုတ်ပိုး၊ လည်ပင်း၊ လက်ချောင်းများ စသည့် နေရာများတွင် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံး ခဲ့ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။

ဇနီးဖြစ်သူ သေဆုံးခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက် အဖမ်းခံခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဇနီးဖြစ်သူကို ဓားဖြင့် ခုတ်ခဲ့သည့် အမျိုးသားအား မာရမ်းနယ်မြေရဲစခန်းတွင် (ပ) ၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

Dawei Watch