မိဘဆန္ဒရှိက ၆ နှစ်အရွယ် ကလေးများ ပထမတန်း တက်နိုင်

0
491

အသက် ၆ နှစ်ပြည့်သော်လည်း သူငယ်တန်းမတက်ရသေးသည့် ကလေးများကို မိဘဆန္ဒရှိပါက ပထမတန်းသို့ တက်ရောက်သင်ကြားခွင့်ပြုကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းအပ်နှံချိန်တွင်  အသက် ၆ နှစ်ပြည့်ရန် တစ်လလိုပါက သက်ဆိုင် ရာကျောင်းအုပ်ကြီးထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူး ထောက်ခံချက်၊ သုံးလလိုပါက တိုင်းပညာရေးမှူးထောက်ခံချက်ဖြင့် ပထမတန်း အပ်နှံရမည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

 “တချို့ ခြောက်နှစ်ကလေးတွေက အရမ်းကို သန်မာသွားပြီ၊ အဲဒီတော့ (Grade – 1) ပထမတန်းကို တန်းသင်ရ တယ်၊ အဓိကတော့ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ကာယဖွံ့ဖြိုးမှုတွေနဲ့ပဲဆိုင်တယ်၊ နောက်တစ်ခုက မိဘရဲ့ သဘောဆန္ဒပေါ့”ဟု တိုင်းပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်စိုးက ပြောသည်။

ကိုယ်ကာယဖွံ့ဖြိုးမှု၊ ဥာဏ်ရည်ဖွံ့ဖြိုး မှုများနှင့် ကြံ့ခိုင်မှုများအသင့်တင့်ရှိနေသော်လည်း KG တန်းတွင်သာ ထားရှိလို ပါက မိဘသဘောဆန္ဒအလျောက် ထားရမည်ဟု ပညာရေးဝန်ကြီးဌာန ညွှန်ကြား ချက်တွင်ပါရှိကြောင်း ၎င်းက ဆိုသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလအဖြစ် မေလ ၂၅ ရက် မှ ၃၁ ရက်ထိ သတ်မှတ်ထားသည်။

 မိုးမြင့်