ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ လူထောင်ချီတက်ရောက်

0
683
ဓာတ်ပုံ - မြင့်မိုရ်

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို မြိတ်မြို့ ကမ်းနားလမ်း မြိတ်ကုန်တိုက်နံဘေးရှိ သဲကွင်းတွင် မေလ ၉ ရက်က ပြုလုပ်ခဲ့ သည်။

ထောက်ခံပွဲသို့ လူအင်အား ၃၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း လူထု ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းက ပြောသည်။

အဆိုပါ ထောက်ခံပွဲတွင် စာရေးဆရာမာန်(တောင်လုံးပြန်) နှင့် ဆရာထင်လင်းဦး တို့ တက်ရောက် ဟောပြောခဲ့ကြောင်း လူထုထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)