တိုင်းအတွင်း ယခုပညာသင်နှစ် ဆရာ/ဆရာမ ၄၀၀ ကျော်ခန့်ရန် လျာထား

0
1322
ဓာတ်ပုံ - ဝေယံစိုး

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် အထက်တန်းပြနှင့် မူလတန်းပြသင်ကြားရေး ဆရာ၊ ဆရာမ လေးရာခန့်ကို ယခုပညာသင်နှစ်အတွင်း ခန့်အပ်လျာထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

စစ်ကိုင်းနှင့် ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းဆင်း B.Ed ဘွဲ့ရ ၁၉ ဦးကို အထက်တန်းပြများအဖြစ် လည်းကောင်း၊ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း(DTEd)ဆင်း ၁၈၅ ဦးနှင့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း(PPTT)ဆင်း ၂၀၀ ဦးတို့ကို မူလတန်းပြများအဖြစ် လည်းကောင်း ခန့်အပ်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ခန့်ဖို့အတွက် လျာထားပြီးပြီ၊ ရုံးချုပ်က ခန့်စာ မထွက်သေးဘူး၊ ဘယ်တော့ခန့် မလဲဆိုတာ ခန့်မှန်းလို့မရဘူး၊ သေချာတာ ကတော့ အခုပညာသင်နှစ်ထဲမှာပဲ၊ ကျောင်း မဖွင့်ခင်လည်း ဖြစ်နိုင်သလို ကျောင်း ဖွင့်ချိန်လည်း ဖြစ်နိုင်တယ်”ဟု ဒေါ်မြင့်စိန်က ဆိုသည်။

ယခု ခန့်အပ်မည့် ဆရာများမှာ အဆင့်တိုးထားသည့်ကျောင်းများအတွက် မပါဝင်သေးဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင် အထက်တန်းပြ သင်ကြားရေးဆရာ ၃၃၆ ဦး၊ အလယ်တန်းပြ ဆရာ ၉၄၀ ဦး၊ မူလတန်းပြဆရာ ၈၈၇ ဦး စုစုပေါင်း ၂၁၆၃ ဦးလစ်လပ်နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မိုးမြင့်