တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးလိုက တစ်ဘာသာကို ကျပ်နှစ်သောင်းခွဲ သွင်းရမည်

0
471

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက ငွေကျပ် နှစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဘာသာရပ်အလိုက် ရမှတ်များ မျှော်မှန်းထားသည်ထက် လျော့နည်းနေပါက စာမေးပွဲအဖြေလွှာကို ပြန်လည်စစ်ဆေး နိုင်မည်ဖြစ်သည်။

အဖြေလွှာစစ်ဆေးခြင်းကို အမှတ်စာရင်း ထုတ်ပေးပြီး နှစ်ပတ်အကြာတွင် စတင် လျှောက်ထားနိုင်ပြီး အဖြေလွှာကို ကာယကံ ရှင်က ကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြန်လည်စစ်ဆေးပြီး မှားယွင်းမှုရှိ နေပါက အမှတ်စာရင်းကို ပြင်ဆင်ခြင်း၊ အောင်စာရင်းကို ပြင်ဆင်ခြင်းများ လုပ်ပေး မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ ဘာသာရပ်အလိုက် စစ်ဆေးနိုင်ကြောင်း တရားဝင်ညွှန်ကြား လာခြင်းမရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန်က ဆို သည်။

“စာစစ်ဌာနနဲ့ တက္ကသိုလ်က ကိုင် တွယ်တာဆိုတော့ အသေးစိတ်မသိရသေးဘူး”ဟု ဒေါ်မြင့်စိန်က ပြောသည်။

အဖြေလွှာစစ်ဆေးပေးရန် လျှောက် ထားမှုအပေါ် မှားယွင်းမှုမရှိပါက လျှောက်ထားသည့် ကာယကံရှင်ထံ အကြောင်း ပြန်ပေးမည်ဖြစ်ကြောင်း စာစစ်ဌာနထုတ် ပြန်ချက်အရ သိရသည်။

အဖြေလွှာကို ပြန်လည်စစ်ဆေးလိုပါက စာစစ်ဦးစီးဌာန၏ နေပြည်တော်၊ ရုံးအမှတ်- ၅၂ ထံသို့ လည်းကောင်း၊ ပါရမီလမ်း၊ လှိုင်မြို့နယ်ရှိ ရန်ကုန်ရုံးခွဲသို့ လည်းကောင်း လျှောက်လွှာပုံစံဖြည့်၍ စစ်ဆေးခပေးသွင်းပြီး လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကိုဇော်