မီတာခ အွန်လိုင်းစနစ်ဖြင့် ကောက်ခံရေးအဆို မွန်လွှတ်တော် အတည်ပြု

0
555

မွန်ပြည်နယ်တွင် မီတာခကို အွန်လိုင်း သို့မဟုတ် Mobile App ဖြင့် ပြောင်းလဲ ကောက်ခံရေးအဆိုကို ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည်။

ပြည်သူများအနေဖြင့် မီတာခ ပေးသွင်းရာတွင် အခက်အခဲများရှိသည့် အတွက် Online သို့မဟုတ် Mobile App  များဖြင့် ပြောင်းလဲပေးနိုင်ရန် မေလ ၂ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့သည်။

ယင်းအဆိုကို ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူ မရှိသည့်အတွက် မေလ ၆ ရက် အစည်း အဝေးတွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းအဆိုကို အတည်ပြုခြင်းက ၀န်ထမ်းအင်အား လိုအပ်မှုလျော့နည်းခြင်း Paper Work များ လျှော့ချနိုင်ခြင်း Control Room မှပင် မီတာများအား စစ်ဆေး နိုင်ခြင်း၊  ပြည်သူများသွားလာစရိတ်ကုန် ကျမှုလျော့နည်းခြင်း၊ ဒဏ်ကြေးပေးဆောင် ရမှုလျော့နည်းလာနိုင်ခြင်း၊ မီတာအသုံးပြုခ ကွဲလွဲမှုပပျောက်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဦးအောင်ကျော်သူက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနေရာကို ပူးတွဲ တာဝန်ယူထားသည့် စီမံကိန်း၊ ဘဏ္ဍာ ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်ကမူ ယင်း အဆိုသည် မွန်ပြည်နယ်သူ ပြည်နယ်သားများသာမက တစ်နိုင်ငံလုံးနှင့်ပါ သက်ဆိုင် နေသည့်အတွက် ပြည်နယ်လွှတ်တော်တွင် တင်သွင်းခြင်းထက် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည်က ပို၍ သင့်တော်သည်ဟု ပြောသည်။

သို့သော်လည်း အဆိုကို လွှတ်တော်က အတည် ပြုလိုက်ပြီးဖြစ်သည့်အတွက် မီတာခံကို Online (သို့) Mobile App အသုံးပြုပြီး ၀န်ဆောင်မှုပေးနိုင်ရန် ပြည်နယ် အစိုးရက အကောင်အထည်ဖော်ရတော့ မည်ဖြစ်သည်။

ယဉ်စနိုင်း