ပြင်ပဖြေ ကိုးတန်းစာမေးပွဲ အောင်စာရင်း မေလ ၂၃ ရက်ထွက်မည်

0
481

ပြင်ပဖြေကိုးတန်းစာမေးပွဲ အောင်စာရင်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

ယခင်နှစ်က အကြောင်းအမျိုးမျိုး ကြောင့်ကိုးတန်းမတက်ရသူများ ဖြေဆိုခွင့်ရသည့် ကျောင်းတွင်းစစ်ပြင်ပဖြေ စာမေးပွဲကို မေလ ၂ ရက်မှ ၁၀ ရက်အထိ ဖြေဆိုလျက်ရှိကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။

“အရင်နှစ်က အကြောင်းအမျိုးမျိုး ကြောင့် ကိုးတန်းမတက်ရတဲ့ ကျောင်းသားတွေကို ကျောင်းတွင်းစစ် ပြင်ပဖြေပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ စာမေးပွဲ မေးခွန်းကို ခရိုင်ပညာရေးဦးစီးဌာနကထုတ်ပြီး သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးက စစ်ဆေးကာ ခရိုင်ပညာရေးဦးစီးဌာနက အောင်စာရင်းထုတ်ပြန်ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။

စာမေးပွဲအောင်မြင်ပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးက အောင်မြင်ကြောင်း ထောက်ခံချက်ထုတ်ပေးပြီး အခြေခံပညာ အထက်တန်းကျောင်းတွင် ဆယ်တန်းတက် ရောက်သင်ယူနိုင်သည့်အပြင် ဆယ်တန်းကို ပြင်ပဖြေအဖြစ်လည်း ၀င်ရောက်ဖြေဆိုနိုင်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်စာမေးပွဲတွင် ထားဝယ်ခရိုင်၌ ၂၀ ဦးနှင့် မြိတ်ခရိုင်၌ ၇၆ ဦးက ဖြေဆိုလျက် ရှိကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

ကိုဇော်