ထားဝယ်ခရိုင်တွင် လူတစ်သောင်းကျော် သောက်သုံးရေအခက်တွေ့ ရေအလှူရှင်နည်းနေဟုဆို

0
651
ရေအလှူရှင်အဖွဲ့တစ်ဖွဲ့ကညုံကျွန်းရွာတွင်သောက်ရေလှူနေစဉ်။ ဓာတ်ပုံ - ကိုနိုင်

ထားဝယ်ခရိုင် မြို့နယ်လေးမြို့နယ် စလုံးတွင် လူဦးရေ တစ်သောင်းကျော် သောက်သုံးရေအခက်အခဲနှင့်ကြုံတွေ့နေရကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ရေအခက်အခဲကြုံနေရသူများ အတွက် နေ့စဉ် ရေဂါလံပေါင်း ရှစ်သောင်းနှင့်အထက် လိုအပ်နေသည်ဟု ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  တွက်ချက်ထားသည်။

ထားဝယ်မြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက် ၃ ခု၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာ ၆ ရွာ၊ ရေဖြူမြို့နယ်တွင် ကျေးရွာ ၂ ရွာ၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာ ၂  ရွာ စုစုပေါင်း ၁၃ ရွာ တွင်ရေရှားနေကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ကျေးရွာအချို့တွင် သောက်သုံးရေပြတ်လပ်နေသော်လည်း ရေလှူဒါန်းသူများနည်းပါးနေကြောင်း ဇမ္ဗူသီရိ အဖွဲ့နှင့် ရေရှားနေသည့် ကျေးရွာအုပ်ချုပ် ရေးမှူးအချို့က ပြောသည်။

“ဒီနှစ်မှာ ရေလှူတဲ့အဖွဲ့တော်တော် နည်းတယ်။ လေးငါးဖွဲ့လောက်ပဲရှိမယ် ထင်တယ်။ တချို့ရွာတွေမှာတော့ မိုးရေ လှောင်ကန်တွေပါ ရေခန်းနေတာတွေ့ရ တယ်”ဟု ရေရှားသည့်ကျေးရွာများကို ရေလှူပေးနေသည့် ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌကိုနိုင်မျိုးသွင်က ဆိုသည်။

၁။ ကူးတို့ကျေးရွာ

လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်း ကျေးရွာတွင်လည် တစ်ရွာလုံးရေရှားပါးနေပြီး သောက်သုံးရေကို တခြားရွာ များထံတွင် သွားရောက်ဝယ်ယူအသုံးပြုနေရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“ရေရှားတာကတော့ မြေတွေတောင် ကွဲနေပြီ။ ရေလှူတဲ့သူတွေလည်း ဒီနှစ် အရမ်းနည်းတယ်။ အခုက ရေ၀ယ်သုံးနေ သလိုမျိုး ရေလာလှူမယ့်သူတွေကိုလည်း မျှော်နေရတယ်”ဟု ၎င်းက ဆိုသည်။

ရေရှားနေသည့်ရပ်ကွက်/ကျေးရွာများ

ထားဝယ်မြို့နယ်

၂။ပျဉ်းသားတောကျေးရွာ၊ ကျောက်မဲတောင်ကျေးရွာအုပ်စု

၃။ အမှတ် ၃ ရပ်ကွက်၊ မေတ္တာမြို့။

လောင်းလုံးမြို့နယ်

၁။ ဝေဒီကျေးရွာ

၂။ ကညုံကျွန်းကျေးရွာ

၃။ ကထောင်းနီကျေးရွာ

၎။ ပြင်ကြီးကျွန်းကျေးရွာ

၅။ စခန်းကြီးကျေးရွာ

၆။ စွန်တောင်ပေါ်ကျေးရွာ

ရေဖြူမြို့နယ်

၁။ သဗြေဇွန်းကျေးရွာ၊ နတ်တွင်း ကျေးရွာအုပ်စု။

၂။ လဲရှောင်ကျေးရွာ

သရက်ချောင်းမြို့နယ်

၁။ ညောင်ဇင်ကျေးရွာ

၂။ ပန်းချီရှောင်ကျေးရွာ

ကျော်သူစိုး