မြိတ်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးများဖမ်းမိ

0
626

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု မွေးမြူရေးဇုန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ သိန်းခုနစ်ဆယ်ကျော်  တန်ဖိုး ရှိ WY စိတ်ကြွဆေးပြား တစ်ထောင့်ငါးရာကျော်ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

ဧပြီလ ၂၇ ရက်က သတင်းအရ ယင်း အမျိုးသမီးနေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းသည် အထုပ်တစ်ထုပ်ကို နေအိမ် ပေါ်မှပစ်ချလိုက်သည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ယင်းပစ်ချလိုက်သည့် အထုပ်အားရှာဖွေရာ စတီးရေနွေးဘူး၊ ရွှေပြည်နန်း သနပ်ခါးဘူး၊ ပလပ်စတစ်အိတ်တို့ဖြင့် ထုတ်ထားသော စိတ်ကြွဆေးပြားများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအသက် ၂၇ နှစ်အရွယ်အမျိုးသမီး ကို မူး/စိတ်ပုဒ်မဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ထံမှသိရသည်။   

Dawei Watch