အသက် ဆယ်နှစ်အရွယ် မိန်းကလေးငယ်ကို ပထွေးက မုဒိမ်းကျင့်

0
888

ကျွန်းစုမြို့နယ်တွင် အသက်ဆယ်နှစ်အရွယ်ရှိ မိန်းကလေးငယ်ကို ပထွေးဖြစ်သူက မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကံမော်ကျေးရွာအုပ်စုတွင် မေလ ၂ ရက် နံနက် ၂ နာရီခွဲခန့်က နေအိမ်တွင် မောင်ဖြစ်သူ သုံးဦးနှင့်အတူ အိပ်နေစဉ် မုဒိမ်းကျင့် ခံခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မိခင်ဖြစ်သူက ရော်ဘာခြစ်ရန် နံနက် ၂ နာရီခွဲခန့်တွင် နေအိမ်မှထွက်လာစဉ် အသက် ၁၀ နှစ်အရွယ်သမီးဖြစ်သူ၏ အော်သံကြားသဖြင့် ပြန်သွားကြည့်ရာ သမီးဖြစ်သူက ငိုယိုနေကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

မိခင်ဖြစ်သူက သမီးကို မေးမြန်းရာ ပထွေးဖြစ်သူက မုဒိမ်းကျင့်ခဲ့သည်ဟု ပြောကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ခဲ့သည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၃၇၆ (မုဒိမ်းမှု)ဖြင့် ကံမော်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch