လေဖြတ်ရောဂါ

0
1163

လေဖြတ်ရောဂါသည် အရေးပေါ် အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီကုသမှု မရရှိပါက ဦးနှောက်၏ လုပ်ဆောင်ချက်များ ဆုံးရှုံးနိုင်ပါသည်။

လေဖြတ်မည့်ရှေ့ပြေးလက္ခဏာများ

(၁) မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက် ထုံခြင်း၊ လေးလံခြင်း၊ မျက်နှာရွဲ့ခြင်း။

(၂) ရုတ်တရက်စကားပြောမရခြင်း၊ ပြောသောစကားကိုနားမလည်ခြင်း၊ စကားဗလုံးဗထွေး ဖြစ်ခြင်း။

(၃) ရုတ်တရက်အမြင်အာရုံေ၀၀ါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊

(၄) ရုတ်တရက်လမ်းမလျှောက်နိုင် တော့ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း၊ လက် မမြှောက်နိုင်တော့ခြင်း၊

(၅) ရုတ်တရက်မူးဝေခြင်း၊ ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်းတို့ဖြစ် တတ်ပါသည်။

လေဖြတ်ရောဂါဖြစ်စေသော အကြောင်းအရင်းများ

(၁) သွေးတိုးရောဂါရှိခြင်း။

(၂) ဆီးချို၊ သွေးချိုရောဂါရှိခြင်း။

(၃) နှလုံးရောဂါရှိခြင်း။ (နှလုံးခုန် မမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း)

(၄) လည်ပင်းသွေးလွှတ်ကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း။

(၅) ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း။

(၆) ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်း။

(၇) အ၀လွန်ခြင်း။

(၈) သွေးအတွင်းအဆီဓာတ်များခြင်း တို့ဖြစ်သည်။

ကာကွယ်နိုင်မည့်နည်းလမ်းများ

(၁) သွေးပေါင်ချိန် ပုံမှန်ရှိရန် ထိန်းပါ။

(၂) သွေးချို၊ ဆီးချိုကို စနစ်တကျ ကုသပါ။

(၃) ဆေးလိပ်ဖြတ်ပါ။

(၄) အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

(၅) အချို၊ အငန်၊ အဆီလွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပါ။

(၆) အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို နေ့စဉ် စားသုံးပါ။

(၇) ကိုယ်လက်လေ့ကျင့်ခန်းကို တစ်ပတ် ၅ ကြိမ်၊ တစ်ကြိမ်လျှင်နာရီဝက် ခန့်ပြုလုပ်ပါ။

(၈) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။

(၉) လေမဖြတ်မီရှေ့ပြေးလက္ခဏာများတွေ့ရှိပါက ဆောလျင်စွာကုသမှု ခံယူပါ။

(၁၀) လေမဖြတ်ရောဂါလက္ခဏာ များပေါ်လာသည်ကို သိလျှင်သိချင်း ဆေးရုံ/ ဆေးခန်းသို့သွားပါရန်။

(၁၁) အချိန်မီထိရောက်စွာကုသလျှင် အသက်ကယ်နိုင်ပါသည်။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန