နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းခရီးစဉ် တိုင်စာ ငါးဆယ်ကျော်ရ

0
511
နိုင်ငံတော်သမ်တဦးဝင်းမြင့် မြိတ်မြို့တစ်ဖက်ကမ်းရှိ လျောင်းတော်မူဘုရားသို့ရောက်ရှိစဉ်။ ဓာတ်ပုံ - မြင့်မိုရ်(မြိတ်)

နိုင်ငံတော်သမ္မတ၏ တနင်္သာရီ တိုင်းခရီးစဉ်အတွင်း တိုင်စာ ငါးဆယ်ကျော် ရရှိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် တိုင်စာ ၂၅ စောင် ရရှိခဲ့ပြီး မြိတ်ခရိုင်တွင် တိုင်စာ ၂၇ စောင် ရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မေလ ၃ ရက်က ထားဝယ်သို့ လာရောက်ခဲ့ပြီး မေလ ၄ ရက်တွင် မြိတ်သို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။

ထားဝယ်တွင် တိုင်ကြားစာကို ထားဝယ် မြို့တော်ခန်းမအနီး တိုင်ကြားစာဌာန ဖွင့်လှစ်ကာ လက်ခံခဲ့သည်။

မြိတ်တွင်မူ မြိတ်လေဆိပ်၊ မြိတ် ရွှေသာလျောင်းဘုရား၊ သဘာဝငှက်သိုက် အိမ်နှင့် တနင်္သာရီမြို့တို့တွင် တိုင်ကြား စာများလက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလက လာရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ခရီးစဉ်တွင်မူ တိုင်စာပေါင်း သုံးရာနီးပါး ရရှိခဲ့သည်။   

Dawei Watch