မြိတ်တွင် ကိုးတန်းကျောင်းသားတစ်ဦး လူမှားပြီး ဓားခုတ်ခံရ

0
522

မြိတ်မြို့၊ ကမ်းနားလမ်းတွင် ကိုးတန်းကျောင်းသားတစ်ဦး လူမှားကာ ဓားဖြင့် အခုတ်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကမ်းနားလမ်း ပလက်ဖောင်းတွင် ဧပြီလ ၂၈ ရက် ည ၉ နာရီခန့်တွင် အထက်ပါ ကိုးတန်းကျောင်းသားက သူငယ်ချင်းတစ်ဦးနှင့်အတူ ဂိမ်းဆော့နေစဉ် လူငယ်သုံးဦးရောက်လာကြောင်း သိရသည်။

အဆိုပါ လူငယ်သုံးဦးအနက် တစ်ဦးက ဓားဖြင့်ဝင်ခုတ်သည့်အတွက် အသက် ၁၆ နှစ်အရွယ်ရှိ ကိုးတန်း ကျောင်းသား၏လက်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဓားဖြင့်ခုတ်သူက လူမှားသွားကြောင်း ပြောဆိုကာ ထွက်ပြေးသွားခဲ့သည်ဟု အဆိုပါကျောင်းသားက ပြောပြ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့် ခုတ်သူကို ဖော်ထုတ်အရေးယူပေးရန် ကျောင်းသားဖခင်က ဧပြီလ ၃၀ ရက်တွင် လာရောက်တိုင်တန်းသည့်အတွက် ရာဇသတ်ကြီးပုဒ်မ- ၃၂၄ (ဘေးဖြစ်စေ သည့်လက်နက်ဖြင့် နာကျင်စေမှု) /၁၁၄ (အားပေးကူညီမှု) တို့ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ ထံမှ သိရသည်။

Dawei Watch