ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
565
Bay-Din

၆-၅-၂၀၁၉ မှ ၁၂-၅-၂၀၁၉ထိ

တနင်္ဂနွေ

နိုင်ငံရပ်ခြား ခရီးများ သွားရတတ်သည်။ အမျိုးသမီးတစ်ယောက်၏ ပံ့ပိုးကူညီမစမှု ရရှိမည်။ အစားမှား၊ ဆေးမှားဖြစ်တတ်သည်။ ယခုလ၌ ကား၊ ယာဉ်ဝယ်ခြင်း မပြုပါနှင့်။ ပညာရေး ရည်မှန်းချက်များ အဆင်ပြေမည်။ မေတ္တာရေးသည်ကား အချစ်စစ်သည် သင့်အတွက် ယခုအခါ ချိုတစ်လှည့် ခါးတစ်လှည့်ဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ဇီးရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                               – သီလရှင်များကို ငွေလှူဒါန်းပါ။

တနင်္လာ

အလုပ်လျှောက်ထားသူ၊ အလုပ်ရှာဖွေနေသူများ အလုပ်ရရှိမည်။ ကံကောင်းနေ၍ သင် ထီ ကံစမ်းသင့်သည်။ သို့သော် သင့်အိမ်၌ ရွှေ၊ ယာဉ်တစ်ခုခုထွက်မည်။ ပညာရေးနှင့် ပတ်သက်၍ လိုရာခရီးရောက်မည်။ ကျန်းမာရေးနှင့် ပက်သက်၍ စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား အလိုလိုနေရင်းနှင့်ပင် ချစ်သူက သင့်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ ပန်းရောင်

မသွားသင့်သော အရပ်             – မြောက်အရပ်

ယတြာ                               – သာကူထိုးမုန့် ဘုရားကပ်လှူပါ။

အင်္ဂါ

ဘုရားဖူး ခရီးများသွားရမည်။ စီးပွားဥစ္စာဖြစ်ထွန်းမည်။ ငွေကြေးအလုံးအရင်းဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ သို့သော် လုပ်ငန်းသစ်များ စတင်လုပ်ဆောင်ရာ၌ အလောတကြီး ပြုမူခြင်းမျိုး ရှောင်ကြဉ်ပါ။ ယခုလ၌ ကားမ၀ယ်ပါနှင့်။ မေတ္တာရေးသည်ကား ချစ်သူကို သဘောထားကြီးစွာဖြင့် လက်တွဲပါလေ။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                               – ဒူးရင်းသီးကို ဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

အလှူမင်္ဂလာပြုရခြင်း၊ လှပသော လူသုံးကုန်ပစ္စည်းများ ၀င်ခြင်းဖြစ်မည်။ ပညာရေးကိစ္စ၊ သင်တန်းတက်ခြင်းကိစ္စများ၌ ရုန်းကန်ရမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းကြိုးစား သလောက် အဆင်ပြေမည်။ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း ကျန်းမာရေး သတိပြုပါ။ မေတ္တာရေးသည်ကား ရွှေလမ်းငွေလမ်းပေါက်၍ သာယာမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                               – မုန့်ဆီကြော်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ရတနာပစ္စည်း၊ ရွှေထည်ပစ္စည်းများ ၀င်မည်။ ဘာပဲလုပ်လုပ် ကူညီမည့်သူ အဆင်သင့်ရှိနေမည်။ ခရီးဝေးများသွားရမည်။ သို့သော်  ယခုလ၌ စက်ပစ္စည်းများ မ၀ယ်ပါနှင့်။ ဆွေမျိုးသားချင်းနှင့် ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ မေတ္တာရေးသည်ကား အဆင်မပြေသလိုလိုနဲ့ အဆင်ပြေသွားမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ပြောက်ကျားရောင်၊ ဇီးရောင်

မသွးသင့်သော အရပ်              – အနောက်တောင်အရပ်

ယတြာ                               – ပန်းရောင်စုံ(၂)စည်း ဘုရားပန်းကပ်လှူပါ။

သောကြာ

ထီ(သို့)ထီနှင့်အလားတူ ငွေဝင်မည်။ သင်လက်ညှိုးညွှန်ရာ ရေဖြစ်သောကာလသို့ ဆိုက်ရောက် နေပါ၏။ ကိုယ်စိတ်နှစ်ပါး အေးချမ်း၍ လုပ်ငန်းများ အဆင်ပြေမည်။ သို့သော် စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ သင်တန်းတက်ခြင်း၊ ပညာရေးကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချိုမြိန်သာယာပါမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – အရှေ့တောင်အရပ်

ယတြာ                               – ဘုန်းကြီးကျောင်း၊ ဘုရားစေတီပြုပြင်ရာ၌ အလှူငွေ ပါဝင်ပါ။

စနေ

လှပသော နာရီဝင်မည်။ လူမျိုးကွဲတို့နှင့် ဆက်စပ်နေသော လုပ်ငန်းများ ကောင်းသည်။ ဘုရားဖူး ခရီးသွားရမည်။ ဥစ္စာများ စုမိဆောင်းမိမည်။ နှလုံး၊ လေးဖက်နာကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား  ချစ်သူရရန် နီးစပ်နေပြီဖြစ်၏။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                               – ဗောဓိညောင်ပင်အား ရေသက်စေ့လောင်းလှူပါ။

                                                  လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                 ဝေဒလက္ခဏသုတေသီ