ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အင်တာဗျူး(၂)

0
853

ဝန်ကြီးချုပ်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ရာထူးမှရပ်စဲပြီးနောက် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၀န်ကြီးချုပ်သစ် ဦးမြင့်မောင် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တနင်္သာရီအပတ်စဉ်မှ မတ်လ ၂၉ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်ကို တနင်္သာရီ စာဖတ်ပရိသတ် သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

တနင်္သာရီ။        ။ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘ၀ တိုးတက် မြင့်မားရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တယ်နော်။ တိုင်းတွင်း ပင်လယ် ပြင်တရားဥပဒေစိုးမိုးရေးကို ဘယ်လို လုပ်ဆောင်မလဲ။ တည်ဆဲဥပဒေ အကျပ် အတည်းကြောင့် ကမ်းနီးရေလုပ်သားတွေ ဒုက္ခရောက်နေ၊ ထောင်ကျတန်းကျ ဖြစ် နေတာတွေလည်း ရှိနေတယ်ပေါ့။ ဒီကိစ္စ တွေပြေလည်အောင် ဘယ်လိုများ လုပ်သွား ဖို့ ရှိလဲဗျ။

ဝန်ကြီးချုပ်။   ။ တချို့ဟာတွေက စိန်ခေါ်မှုတွေတော့ ရှိတာပေါ့နော်၊ ဒီပင်လယ် ပြင်စိုးမိုးရေးနဲ့ ပတ်သက်တဲ့ဟာတွေ ကျတော့၊ ဒီထဲမှာ အကျုံးဝင်တာပေါ့နော်၊ ဒါလည်း တစ်ခုပေါ့။ တချို့ဟာတွေက စီမံခန့်ခွဲရေးနည်းလမ်းတွေအရပေါ့၊ သက်ဆိုင်ရာဌာနက ဆောင်ရွက်လို့ရတဲ့ ကိစ္စတွေ ရှိတယ်၊ တချို့ဟာတွေကျတော့ လည်း ဒီနှစ်ခုလုံးနဲ့ ဆောင်ရွက်ဖို့ အခက် အခဲရှိပြီးတော့ ဒါကတော့ ဥပဒေအရပေါ့၊ ဥပဒေအရ တချို့ဟာတွေက မြေပြင်အခြေ အနေနဲ့ သဟဇာတ မဖြစ်တဲ့ဟာတွေပေါ့ နော်၊ လိုက်လျောညီထွေမှု မဖြစ်တဲ့ဟာတွေ ဒါတွေလည်း ရှိတယ်၊ အဲဒါတွေကျတော့ ကဏ္ဍအလိုက်ကို ကျွန်တော်တို့က ခွဲပြီးတော့ အဖြေရှာဖို့တော့ လိုတာပေါ့၊ အဲဒီတော့ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင်တော့ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီဘဲနဲ့ မြေပြင်မှာ ဆောင်ရွက်ရခက်ခဲတဲ့ကိစ်္စ တွေမျိုးဆိုရင် ဥပဒေနဲ့ ညီအောင်ဆိုရင် တော့ သက်ဆိုင်ရာ လွှတ်တော်တွေကနေ တစ်ဆင့်ပဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကနေတစ်ဆင့်ပဲ ဆောင်ရွက်နိုင်တဲ့ အနေ အထားမျိုး ရှိတယ်ပေါ့နော်။

အထူးသဖြင့်ကတော့ ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေကိစ်္စကတော့ အဓိက တာဝန်ယူထားတာကတော့ တပ်မတော် (ရေ)နဲ့ ရေကြောင်းရဲပေါ့၊ ရေကြောင်း ရဲကတော့ အဲလောက်သူတို့ တအားကြီးလည်း မလုပ်နိုင်ဘူးပေါ့နော်၊ တပ်မတော် (ရေ)မှာလည်း သူတို့အားနဲ့ သူတို့ လုပ်နေတဲ့ဟာတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်တို့ဆီလည်း တက်လာ တဲ့ဟာတွေ အများကြီး ရှိပါတယ်။ သူတို့ ကလည်း ဒီတစ်ခုတည်း မဟုတ်ဘူးပေါ့။  ဥပဒေနဲ့ မညီတဲ့ကိစ်္စတွေပေါ့။ ဥပမာ သစ်တွေ တရားမ၀င် သယ်တာတို့၊ မူးယစ်ဆေးဝါး တရားမ၀င် သယ်တာတို့၊ ကမ်းနီးကမ်းဝေးအပြင်ပေါ့လေ။ လိုအပ် ချက်တွေကတော့ အများကြီး ရှိနိုင်ပါ တယ်။ သို့သော်လည်းပဲ လုံးလုံးကြီး လျစ်လျူရှုထားတဲ့  အနေအထားမျိုးတော့ မဟုတ်ကြဘူး။ ကျွန်တော်သိသလောက် လည်းပဲ ဒီဟာမှာ အကောင်းဆုံးဖြစ်အောင် တော့ ကျွန်တော်တို့ ထပ်ပြီးတော့၊ အားထည့် ပြီးတော့ ဆောင်ရွက်ဖို့တော့ လိုတယ်။

ဝန်ထမ်းအင်အားရော၊ ပြီးရင် လိုအပ်တဲ့ ကိရိယာတွေပေါ့နော်၊ ဘာတွေ ကတော့ ဖြည့်ပြီးတော့ ဆောင်ရွက်မှသာ လျှင် အတိုင်းအတာတစ်ခုထိ ဥပဒေ စိုးမိုးမှုကတော့ ရနိုင်တယ်။ ဒီကမ်းနီးကမ်းဝေး ကိစ်္စတွေကတော့ ဒါကလည်း နိုင်ငံတော် အနေနဲ့ ခေတ်မီစောင့်ကြည့်ထိန်းချုပ်စနစ် ၁၉-၂၀ ခုနှစ်မှာ လုပ်ဖို့ရှိတယ်လို့ သိရ တယ်။ ဒါတွေလည်း အမြန်ဆုံးနည်းနဲ့ အကောင်အထည်ဖော်သင့်တယ်၊ ဒီလိုမျိုး အကောင်အထည်ဖော်မှသာလျှင် စနစ်တကျ နဲ့ ကျွန်တော်တို့ရဲ့ သယံဇာတတွေကို အလေအလွင့် မဖြစ်အောင် စီမံနိုင်မှာ ဖြစ်တယ်ပေါ့နော်။ ဒါကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ကျွန်တော်တို့ အကြံပြုတင်ပြရမှာပေါ့နော်။ ဒါတွေ ဆောင်ရွက်သွားမယ်ပေါ့။

တနင်္သာရီ။        ။ ကမ်းနီးရေလုပ် သားတွေက ဥပဒေကို မကျူးလွန်ချင်ဘဲနဲ့ ကျူးလွန်နေရသလို  ဖြစ်နေတယ်ပေါ့နော်။ ကမ်းနီးငါးဖမ်းလှေတွေက အလျားပေ ၃၀၊ မြင်းကောင်ရေ ၂၅ ကောင်နှင့်အောက် ဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့် သားငါးသယံဇာတ ရှားပါးမှုအခြေအနေ အရ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ငါးဖမ်းလုပ်ကွက်တွေ ဝေးကွာသွားတဲ့ အခြေအနေအရ လှေတွေကို ပိုကြီးအောင် ဆောက်လုပ်ရတယ်။ မြင်းကောင်ရေတွေ ကို တိုးမြှင့်ရတယ်။ ဒါကြောင့် ဥပဒေကို မချိုးဖောက်ချင်ဘဲ ချိုးဖောက်သလို ဖြစ်နေတယ်ပေါ့။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရဆိုရင် ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေမှူးချုပ်ရဲ့ အမိန့် ညွှန်ကြားချက်နဲ့ ပြင်ဆင်လို့ရတဲ့ အနေ အထားမျိုး ရှိတယ်ပေါ့ခင်ဗျာ။

ကြားထဲမှာတောင် တနင်္သာရီတိုင်း က ကမ်းနီးရေလုပ်သား ၅၀ ကျော် ရခိုင်ဘက်မှာ ဖမ်းဆီးခံရ ထောင်ကျခံ ရတာတွေ ရှိတယ်ပေါ့။ ဒီတော့ ဒါကို ဒီအတိုင်းပဲ ဆက်ပြီးတော့ ထားမှာလား၊ ဒါမှမဟုတ်ရင်လည်း ၀န်ကြီးချုပ်အနေနဲ့ ပြည်ထောင်စုအစိုးရကို ဒေသရဲ့ အခက် အခဲကို တင်ပြပေးဖို့များ ရှိပါသလားပေါ့ ခင်ဗျာ။

ဝန်ကြီးချုပ်။   ။ အဲဒါလည်း၊ ဟိုဟာပေါ့။ ကျွန်တော်ဝန်ကြီးချုပ်သက် တမ်းကလည်း သိပ်မကြာသေးဘူး ဆိုတော့ အဓိကကတော့ ဌာနကို တာဝန်ယူထားတဲ့ သက်ဆိုင်ရာဝန်ကြီး ပေါ့နော်၊ ပြီးရင် သက်ဆိုင်ရာဝန်ကြီး ကနေတစ်ဆင့် အမှန်တကယ် မြေပြင်မှာ အလုပ်လုပ်နေတဲ့ ကမ်းနီးရေလုပ်သား တွေနဲ့ သေသေချာချာလေး ပြန်ပြီးတော့ တွေ့သင့်တယ်၊ သူတို့ရဲ့အခက်အခဲ တွေကို နားထောင်သင့်တယ်၊ နားထောင် ခြင်းအားဖြင့် ကျွန်တော်တို့ လုပ်ပေးနိုင် တာတွေ ရှိသလို ဥပဒေအရ အကန့်အသတ် တွေရှိတဲ့ဟာတွေ၊ လုပ်ပေးဖို့ အချိန်ယူရ မယ့်ဟာတွေ ရှိတယ်ပေါ့နော်၊ ဒီဟာတွေ ကို အသေးစိတ် ပြန်စိစစ်ပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်လို့တော့…၊ အဲလောက်ပဲ ကျွန်တော် ဖြေချင်ပါတယ်။

တနင်္သာရီ။        ။ ဒေသအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ်လို့ တိုင်းလွှတ်တော်မှာ ပြောတဲ့ မိန့်ခွန်းမှာပါတယ်ပေါ့နော်။ ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။

ဝန်ကြီးချုပ်။   ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကတော့ (ကြားကာလမှာ) ပုံမှန်ကနေပြီးတော့ နည်းနည်းတော့ ရွေ့လာတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ဒီလို ရွေ့လာတဲ့အကြောင်း အရင်းကလည်း အစိုးရသက်တမ်းရဲ့ ၃ နှစ် တာကာလ အတောအတွင်းထဲမှာ ဒေသ ရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ပေါ့။ ကျွန်တော်တို့မှာ စက်ရုံအလုပ်ရုံတွေ လာဆောက်ဖို့ အခွင့်အလမ်းကလည်း နည်းတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီး တော့ သုံးသပ်ပြီးတော့ ခရီးသွားလုပ်ငန်း တော့ ဆောင်ရွက်သင့်တယ်ဆိုပြီး ဆောင် ရွက်တဲ့အခါကျတော့၊ ကျွန်တော်တို့ ဘက်ကလည်း အများကြီး တွန်းတွန်းတိုက်တိုက် ဆောင်ရွက်တဲ့ဟာတွေ ရှိတယ်။ ပြည်ထောင်စုဘက်ကလည်း ကူညီ ဆောင်ရွက်ပေးတဲ့ဟာတွေ ရှိတယ်ပေါ့။ ဒီအပေါ်မှာ ရွေ့လာတယ်လို့တော့ မြင်တယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ ကတော့ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့မှာ တော်တော်များများက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းရှိတယ်၊ ပြီးတော့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်နဲ့ ပတ်သက်တဲ့ဟာတွေ ရှိတယ်။ နောက် ထပ် အသစ်ဖော်ထုတ်လို့ရတဲ့နေရာတွေ အများကြီး ရှိသေးတယ်။ ဖော်ထုတ်သွား နိုင်မယ်ဆိုရင် ခရီးသွားလုပ်ငန်းက အများကြီး တိုးတက်လာစရာ ရှိနိုင်တယ်ပေါ့ နော်။ တိုးတက်လာတဲ့ဟာအပေါ်မှာ စနစ်တကျလေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါ တယ်။ ကျွန်းတွေနဲ့ ပတ်သက်တဲ့ခရီးသွားလုပ်ငန်းလုပ်ဖို့ရာမှာ ကျွန်တော်တို့ မှာ ပြဿနာတစ်ခုရှိတယ်။ ဒီမှာက ဦးစားပေးတွေ တူနေတဲ့ဟာတွေ ရှိတယ်။ လုပ်ငန်း သွားထပ်နေတာရှိတယ်။ ဒီရေပြင် ကိုပဲ အကြောင်းပြုပြီးတော့ ပုလဲ မွေးမြူရေးလုပ်ငန်းရှိတယ်၊ ခရီးသွား လုပ်ငန်းရှိတယ်၊ ပြီးရင် ကမ်းနီးကမ်းဝေး (ငါးဖမ်းလုပ်ငန်း)တွေ ရှိတယ်။ အဲဒီတော့ အဲဒါတွေ သွားထပ်ပြီးတော့ ပြဿနာ တွေကလည်း ရှိတယ်။ အဲဒီအတွက် လည်း Master Plan လိုတာပေါ့နော်။  Planတစ်ခုလိုတယ်။ Plan ကိုကျတော့ လည်း ကျွန်တော်တို့ သက်ဆိုင်ရာအဖွဲ့ တွေနဲ့တော့ ချိတ်ဆက်ပြီးတော့ ဆောင် ရွက်သွားဖို့တော့ ရှိတယ်ပေါ့နော်၊ Plan တစ်ခုရရင်တော့ ပိုပြီးတော့ ရေရှည်မှာ တည်ငြိမ်ပြီးတော့ လုပ်နိုင်မယ့် ခရီးသွား လုပ်ငန်း ဖြစ်လာနိုင်တယ်ပေါ့။ ကျွန်တော် တို့အစိုးရအဖွဲ့အနေနဲ့လည်း ဆုံးဖြတ် ချက်ချတဲ့အခါကျရင် မှန်မှန်ကန်ကန်လေးနဲ့ ချနိုင်လိမ့်မယ်လို့တော့ မျှော်လင့် ထားပါတယ်။

တနင်္သာရီ။        ။ ရေထွက် ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းများ နဲ့အညီ ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်စေရေးလုပ်မယ် ပြောတယ်။ ဘယ်လိုလုပ်မှာလဲ။ ပြီးရင် မြိတ်နဲ့ ထားဝယ်က ငါးလေလံဈေးကိစ်္စ ဘယ်လို ကိုင်တွယ်သွားဖို့ ရှိမလဲ၊ ဘယ်လိုအကောင် အထည်ဖော်ဖို့ ရှိမလဲခင်ဗျ။

ဝန်ကြီးချုပ်။   ။ ရေထွက်ပစ္စည်း ကတော့ ကျွန်တော်တို့ဒေသ အဓိက စီးပွားရေးပါ။အဓိက သက်မွေးဝမ်းကျောင်း က ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေး မွေးမြူရေး ပေါ့နော်၊ ကိုယ့်ဒေသရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့နဲ့ ၀င်ငွေတွေ ရရှိဖို့ ဆိုရင် ဒီလုပ်ငန်းတွေ မလွှဲမသွေ တိုးတက် နေဖို့လိုတယ်၊ အောင်မြင်နေဖို့ လိုတယ်၊ ပို့ကုန်ကို များများပို့နိုင်ဖို့ လိုတယ်၊ ဒီလိုမျိုး ပို့နိုင်မှသာလျှင် ကျွန်တော်တို့ နိုင်ငံခြားဝင်ငွေလည်း ရမှာပေါ့။ ပြီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရမယ်။ အဲတော့ ကျွန်တော်တို့ကလည်း ဒါကို ယခင်တည်းကလည်း ဒီလုပ်ငန်းတွေက ဆောင်ရွက်နေတာတွေလည်း ရှိတယ်ပေါ့နော်၊ ဒါကတော့ အားသာချက် အားနည်းချက်ဆိုတာတော့ ရှိမှာပေါ့၊ အဲဒါတွေလည်း ပိုပြီးတော့ စနစ်တကျနဲ့ ဥပဒေနဲ့အညီ ဖြစ်အောင်ရယ်၊ နောက် တစ်ခုက ဒီဟာကို ဘယ်လိုပုံစံမျိုးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပံ့ပိုးကူညီပေးရမလဲဆိုတဲ့ဟာတွေကို ဆောင် ရွက်သွားဖို့ ရှိတာပေါ့နော်၊ အဲဒါမှသာလျှင် လုပ်ငန်းအကြီးကနေ အသေးအထိ လုပ် နေတဲ့ ရေလုပ်သားတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင်မယ်ပေါ့နော်။ အဲဒါကို ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ မူတစ်ရပ် အနေနဲ့ပေါ့၊ ချထားခြင်း ဖြစ်တယ်။

(ဆက်လက်ဖော်ပြပါမည်။)

Dawei Watch