ခြေဥ ပုဒ်မ ၅၉(စ) မပြင်ရေးနှင့် ပုဒ်မ ၂၆၁ အမြန်ဆုံး အတည်ပြုရေး ထောက်ခံပွဲ ဦးဝီရသူ လာမည်

0
464

မြိတ်မြို့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ရေးနှင့် ကြံ့ခိုင်ရေးပါတီက ပြင်ဆင် တင်သွင်းထား သည့် ပုဒ်မ ၂၆၁ အမြန်ဆုံးအတည်ပြုရေး လူထုထောက်ခံပွဲကို ဦးဝီရသူ လာရောက် ဟောပြောမည်ဖြစ်ကြောင်း ယင်းထောက်ခံ ပွဲကြေညာစာအရ သိရသည်။

ယင်းထောက်ခံပွဲကို ဧပြီလ ၂၉ ရက် မွန်းလွဲ၂ နာရီခွဲတွင် အင်းလေးမြိုင်ရပ် ကွက်ရှိ အောင်မင်္ဂလာ စာသင်တိုက်၌ လူစုကာ လူအင်အားတစ်သောင်းခန့်ဖြင့် စီတန်းလှည့်လည်မည်ဖြစ်ပြီး မြိတ်တောင် ကျေးရွာအုပ်စုရှိ အရှေ့သိမ်ဘောလုံးကွင်း တွင် ဟောပြောမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးမြင့်အေးက ပြောသည်။

ပုဒ်မ ၅၉(စ) သည် နိုင်ငံခြားသား မိဘ၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး တို့ ရှိပါက နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မဖြစ်သည်။

ပုဒ်မ ၂၆၁ မှာ လက်ရှိတည်ဆဲ ဥပဒေအရ ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များ ကို နိုင်ငံတော်သမ္မတမှ ပြည်နယ်/တိုင်း လွှတ်တော်တို့၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်းအစား သက်ဆိုင်ရာလွှတ်တော် များက ရွေးချယ်ခန့်အပ်နိုင်ရန် ကြံခိုင်ရေးပါတီက ပြည်ထောင်စုလွှတ်တော်သို့ ပြင်ဆင်တင်သွင်းထားခြင်း ဖြစ်သည်။

Dawei Watch