ငါးမဖမ်းရရာသီ ကမ်းဝေးငါးဖမ်း လှေများသာ ဖမ်းခွင့်ပိတ်၊ ကမ်းနီးငါးဖမ်း လှေများ ဖမ်းနိုင်

0
541

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ် ကွက်အများစုတွင် သုံးလတိတိ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ရာတွင် ကမ်းဝေး ငါးဖမ်းလှေများကို ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ငါးလုပ်ငန်းဦးစီး ဌာန၏ ဧပြီလ ၁၂ ရက် ရက်စွဲဖြင့် ထုတ် ပြန်ခဲ့သည့် ညွှန်ကြားချက်တွင် ပြည် တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းလှေ အားလုံး ဇွန်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ သတ်မှတ်ဧရိယာအတွင်း ငါးဖမ်း ဆီးခြင်းမပြုရန် တားမြစ်ထားသည်။

ကမ်းနီးငါးဖမ်းလှေများမှာမူ ဖမ်းဆီးခွင့်ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီဌာန တာဝန်ရှိ သူက အတည်ပြု ပြောကြားသည်။

Dawei Watch