မွေးမြူရေး တိရစ္ဆာန်များ အပူဒဏ်ကာကွယ်ရန်

0
1006

မြန်မာနိုင်ငံဒေသအချို့တွင် အပူချိန်များ မြင့်တက်လျက်ရှိရာ အပူဒဏ် (Heat Stress) ကြောင့် မွေးမြူရေး တိရစ္ဆာန်များ ရောဂါကျရောက်ခြင်း၊ ဆုံးရှုံးခြင်း မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်လျော့ချရေး အလေးပေးဆောင်ရွက် သင့်ပါသည်။

အပူဒဏ်ခံရသည့် တိရစ္ဆာန်တွင် တွေ့ရနိုင်သည့် လက္ခဏာများ

(၁) ပါးစပ်ဟ၍ အသက်ရှူခြင်း။

(၂) ရေသောက်နှုန်း မြင့်မားလာခြင်း။

(၃) အစာစားနှုန်း ကျဆင်းခြင်း။

(၄) အင်အားချိနဲ့ခြင်းနှင့် လေးလံ ထိုင်းမှိုင်းခြင်း။

သွားရည်ကျခြင်း

အပူဒဏ်ပြင်းထန်ပါက သတိလစ် မေ့မျောခြင်း။

ကြိုတင်ကာကွယ်ခြင်း

တိရစ္ဆာန်များအား သန့်ရှင်းကြည် လင်၍ အေးမြသော သောက်ရေ လုံ လောက်စွာ တိုက်ကျွေးပေးပါ။

လေ၀င်လေထွက်ကောင်းမွန်ပြီး အရိပ်ရသည့်နေရာတွင် ထားရှိပါ။

မလိုအပ်ဘဲ ရွှေ့ပြောင်းခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ပါနှင့်။

တိရစ္ဆာန်အငယ်လေးများ၊ ထုတ်လုပ်မှု မြင့်မားသည့် တိရစ္ဆာန်များ၊ မကျန်းမာသော တိရစ္ဆာန်များ၊ အမွေးအရောင်ရင့် သည့် တိရစ္ဆာန်များ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါဖြစ်ဖူးသည့် တိရစ္ဆာန်များအား ပို၍ ဂရုစိုက်သင့်သည်။

ခြံထဲတွင် တိရစ္ဆာန်များအား ချောင်ချောင်ချိချိ ထားပါ။

အကောင်အရေအတွက်များ နေပါ က လျှော့ချပါ။

အပူဒဏ်ခံရသည့် လက္ခဏာများ ရှိမရှိ ပုံမှန်စစ်ဆေးပါ။

အပူဒဏ်ခံရသည့် လက္ခဏာများ တွေ့ရှိပါက အထက်ပါနည်းလမ်းများ အတိုင်း ပြုစုစောင့်ရှောက်ပေးပါ။ လိုအပ်ပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် ပြသပါ။

ရင်းမြစ် – မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်