အနာဂတ်အတွက် သောကြာနေ့

0
3265

စတော့ဟုမ်းမြို့အလယ်က ထင်ရှားတဲ့ အဆောက်အအုံကြီးတစ်ခုရဲ့ အပြင် ဘက်နံရံကိုမှီလို့ ကလေးမလေးတစ် ယောက် ထိုင်နေရဲ့။ သူ့လက်ထဲမှာ ဖတ်လက်စ စာအုပ်လေးလည်း ကိုင်လျက် သား။ ပြီးတော့ သူ့ရဲ့လွယ်အိတ်လေးထဲ ကျောင်းစာအုပ် တချို့လည်း ရှိလို့နေပြန် တယ်။ သေချာတယ် ဒီကလေးမလေးဟာ ကျောင်းသူလေး ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလို အချိန်က ကျောင်းတက်ရမယ့် အချိန်လေ။ ကျောင်းချိန်မှာ ဒီလိုနေရာမှာ ရှိနေတာ ဟာ အကြောင်းတစ်ခုခုတော့ ရှိပုံပဲ။ သူ့ကိုကြည့်ရတာ စိတ်အေးလက်အေးနဲ့။ မဟုတ်မှလွဲရော ကျောင်းပြေးလာတာ တော့ မဟုတ်တန်ရာပါဘူးနော်။

အနှီနံရံကို မှီလျက်သား ထိုင်နေ သူလေးမှာ ၁၅ နှစ်အရွယ်ကျောင်းသူလေး တစ်ယောက်သာ။ ကျောင်းချိန်မှာ ကျောင်း မတက်ဘဲ သည်အဆောက်အအုံကြီးရှေ့မှာ နေ့စဉ်လာထိုင်နေခဲ့တာ တစ်ပတ်လောက် ရှိပြီဆိုတော့ သူမက ကျောင်းပြေးလေးပေါ့ လေ။ ထိုကလေးမလေးသည် ဘေးဘီ ၀ဲယာရှိ လမ်းသွားလမ်းလာများကို တစ်ချက်မျှ ကြည့်လိုက်ကာ နံရံကို ခေါင်းလေးမှီကာ မျက်လုံးလေးမှိတ် ကာဖြင့် သူမ ကျောင်းပြေးကလေး ဖြစ် လာခဲ့ခြင်းအကြောင်း ဆက်တွေးနေတော့ သည်။

သူ့သူငယ်ချင်းအများစု ကျောင်း ပြေးကြသည်မှာ ကျောင်းနှင့်အဆင်မပြေ ၍၊ မိသားစုပြဿနာများရှိ၍ သို့မဟုတ် တချို့ကလည်း လူမှုရေးပြဿနာများ ကြောင့်။ အတော်များများကတော့ ကျန်းမာရေး အကြောင်းပြကြသည်လေ။ သူမမှာလည်း Asperger’s Syndrome ဆိုသည့်ရောဂါရှိသတဲ့လေ။ ဆရာဝန် တွေက ပြောတာပဲ။ ဒါပေသိ သူမကတော့ ဒါကိုရောဂါတစ်ခုလို့ မယူဆပေါင်။ သူက ပုံမှန်လူပဲ။ ကျောင်းပြေးတာက လည်း ရောဂါကြောင့် မဟုတ်ဘူးလေ။ သူ့မိသားစုကလည်း အဆင်ပြေရဲ့၊ ကျောင်းနဲ့လည်း ပြဿနာ ကြီးကြီးမားမား ရှိတာ မဟုတ်။

သူမကျောင်းကို သပိတ်မှောက်ဖြစ် အောင် တွန်းအားပေးခဲ့တာက ၂၀၁၈ရဲ့ နွေရာသီ။ အတော့်ကို ပူတဲ့ နွေရာသီရယ်လေ။

၂၀၁၈ခုနှစ် နွေရာသီသည် ဆွီဒင်ပြည် အတွက် နှစ်နှစ်ရာဝန်းကျင်အတွင်း အပူဆုံးဟုပင် ဆိုရမည်။ အပူလှိုင်းကလည်း အဆစ်ပါ လိုက်သေးသည်။ ထိုအပူ ကြောင့်ပင် တိုင်းပြည်တစ်ဝန်း အကြိမ် ၆၀ ထက်မနည်း တောမီးတွေ လောင်ခဲ့ သည်လေ။ ရာသီဥတုက ပိုပိုပူလာပြီ။  ဒါက သွေးရိုးသားရိုး သဘာဝအလျောက် ရာသီဥတု ပြောင်းလဲဖောက်ပြန်လာတာ၊ ပိုပူလာတာ မဟုတ်။ အနှီကမာ်္ဘကြီးကို အမှီပြု ရှင်သန်နေထိုင်ရသော လူဟူသည့် သတ္တ၀ါများကြောင့် ကမ္ဘာ့ရာသီဥတုတို့ ဖောက်ပြန်လာကြောင်း သိပ်္ပံပညာရှင်တို့ က အချက်အလက် သက်သေသာဓကနှင့် တကွ ထောက်ပြနေကြပြီ။ သို့ရာတွင် ထိုထောက်ပြချက်များကို နိုင်ငံရေးအရ ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိနေသူများ အထူး သဖြင့် နိုင်ငံရေးသမားများက ပေယျာလကန် ပြုနေကြသည်ဟု ၁၅နှစ်အရွယ် ကျောင်းသူလေး သူမ သံသယရှိနေသည်မှာ ကြာပြီ။

တစ်ရက်တော့ သူ ရုပ်မြင်သံကြား လိုင်းတစ်ခုတွင် ပြနေသည့် နိုင်ငံရေးပါတီ အချင်းချင်း စကားရည်လုကြသည့် အစီအစဉ်တစ်ခုကို ကြည့်ဖြစ်သည်။ နိုင်ငံရေးသမားဆိုသူများသည် ရွေးကောက် ပွဲတွင် အနိုင်ရရေးကိုသာ အာရုံစိုက်၍ ပြောဆို ငြင်းခုံနေကြသည် တကား။ နိုင်ငံရေး အရ ဖြစ်နိုင်လုပ်နိုင် အမြတ်ထွက်နိုင်မည့် အရာများကိုသာသူတို့ ဂရုထားကြပုံ ပေါ်သည်။ ဤသည်ကို သူမ ဘ၀င်မကျ လှ။ သူမသဘောအရ ဆိုလျှင် ယခုလက်ငင်း ချက်ချင်းပင် ရာသီဥတုကိစ္စ လုပ်သင့် လုပ်ထိုက်သည့် အရာများကို နိုင်ငံရေး သမားများအနေနှင့် ဂရုထား ဆောင်ရွက် စေချင်လှသည်။ နိုင်ငံရေးအရ ဖြစ်နိုင် မဖြစ်နိုင် ငြင်းနေသည်ကို ရာသီဥတု ဖောက်ပြန်မှုက စောင့်နေမည် မဟုတ်။ ယခုအချိန်က စလုပ်ကြရမည်။ ယခု အချိန်သည်ပင် ထိုကိစ္စများကိုဆောင်ရွက်ရန် နောက်ကျနေပြီ။ သို့ရာတွင် မည်သူမျှ သည်ရာသီဥတုကိစ်္စကြီးအတွက် အလေးထား လုပ်မနေဟု သူခံစားရသည်။ ထိုကြောင့် ဤ ကိစ္စအတွက် သူတစ်ခုခုလုပ်မှရမည်ဟု ဆုံးဖြတ်ကာ ကြံဆနေခဲ့သည်။ ရွေးကောက်ပွဲများ နီးချိန် ၂၀၁၈ သြဂုတ်လ နှောင်းပိုင်းများတွင်မတော့ သူမသည် ကျောင်းပြေးလေး ဖြစ်လာခဲ့ပြီ။ ရွေးကောက်ပွဲရက် စက်တင်ဘာ ၉ ရက်မတိုင်ခင်အထိ ကျောင်းမတက် တော့ဟု ဆုံးဖြတ်ကာ “ရာသီဥတုအတွက် ကျောင်းသပိတ်မှောက်ခြင်း”ဟု ရေးထားသည့် ဆိုင်းဘုတ်ကလေး ကိုင်၊ လွယ်အိတ် လေးထဲ ကျောင်းစာအုပ်တချို့ ထည့်ကာ နိုင်ငံရေးသမားများ ခြေရှုပ်ရာ စတော့ဟုမ်းမြို့ အလယ်က လွှတ်တော်ဆီ ချီတက်ခဲ့သည်။ လွှတ်တော်အပြင်ဘက် လျှောက်လမ်းလေး နံဘေး အဆောက်အအုံ၏နံရံတွင် ဆိုင်းဘုတ်ကလေးမှီထောင်ကာ တိတ်တဆိတ် တစ်ကိုယ်တော် ဆန္ဒပြသူလေးဖြစ်လာ တော့သည်။

သူမ၏ မိဘများက သူ့မကို ကျောင်းတက်စေချင်လှသော်လည်း သူမ၏ပြင်းပြလှသော ဆန်္ဒကို မတားသာခဲ့။ အကယ်၍ သူ့ကို တယောက်ယောက်က “ဘာလို့ အခုလို ရာသီဥတုအတွက် ကျောင်း ကိုသပိတ်မှောက်တာလဲ”ဟု မေးလျှင်     “နိုင်ငံရေးသမားတွေက ပညာရှင်တွေ ပြောဆို ထောက်ပြတဲ့ တကယ့်အရှိတရား၊ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေ၊ အချက်အလက် တွေကို အလေးမထား ဂရုမစိုက်ဘူးဆိုရင် ဘာလို့ကျွန်မက ဒီပညာတွေအတွက် ကျောင်းမှာ ဒုက္ခခံ သင်နေရမှာလဲ။ တကယ့် အချက်အလက်တွေက အရေးမပါတော့ ဘူးဆိုလို့ရှိရင်၊ သိပ္ပံပညာရှင်တွေပြောတဲ့ စကားတွေကို နိုင်ငံရေးအာဏာရထားသူ တွေ နားမထောင်နေဘူးဆိုရင် ကျွန်မ ကျောင်းမှာ ဘာသွားသင်နေရဦးမှာလဲ။ ဘာလို့ကျောင်းတက်စရာလိုတော့မှာလဲ။ အခုလို ဆန္ဒပြတယ်ဆိုတာက ကျွန်မ လုပ်နိုင်တဲ့ အလုပ်ကိုကျွန်မလုပ်တာပါပဲ။ ဒါက ကျွန်မရဲ့ ၀တ္တရားပဲလေ။ နိုင်ငံရေး သမားတွေကို ရာသီဥတုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဦးစားပေး အာရုံစိုက်စေ ချင်တယ်။ သိပ်အလေးထားစေချင်တာ။ ပြီးတော့ အခုကျွန်မ တို့ကြုံနေရတဲ့ ရာသီ ဥတုဖောက်ပြန်ပြောင်းလဲမှုကို အကြပ် အတည်းတစ်ခုလို မြင်စေချင်တယ်။ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။”ဟု ဖြေရန် အဖြေကားရှိနှင့်နေပြီးသား။

သူမတွင် အထက်ပါကဲ့သို့ အယူအဆမျိုး လက်ခံထားတတ်သလို သူမ၏ကျောင်းမှ ဆရာဆရာမများနှင့် ပတ်သက်၍လည်း သူမမှာ ဘ၀င်မကျ ထောက်ပြ စရာတွေရှိလို့ နေပြန်သည်။ တကယ်တော့ သူ့မှာ လူတွေနဲ့ပတ်သက်လို့၊ သူ့နိုင်ငံနဲ့ ပတ်သက်လို့၊ ကမ္ဘာကြီးနဲ့ပတ်သက်လို့ ပြောစရာတွေ အများသား။ သူမ၏ဆရာများက သူတို့ကျောင်းသား/သူများ ကို မီးခလုတ်ပိတ်ကြရန်၊ စက္ကူများ ချွေတာကြရန် သြ၀ါဒ ခြွေတတ်ကြသော်လည်း အနှီဆရာများကိုယ်၌ကမူ အားလပ်ရက်ကလေးရလျှင် နယူးယောက် ကို လေယာဉ်စီး ခရီးထွက်တတ်ချေသည်။ ဤသည်က သူ့အဖို့ ဘ၀င်မကျစရာ။ ထို့ကြောင့်ပင် သူက “လူတိုင်းက အကြပ် အတည်း ပြဿနာများကို အားစိုက် ကြိုးစားစရာ၊ စွန့်လွှတ်အနစ်နာခံစရာ မလိုဘဲ ဖြေရှင်းနိုင်မည်ဟု ယုံကြည် နေကြပါသည်”ဟု သူမ၏ စာစီစာကုံး လေးထဲတွင်ပင် ထေ့ငေါ့ရေးခဲ့သေးသည်။

ထိုစာစီစာကုံး၏ နာမည်ကပင် “ဆွီဒင်သည် စံပြနိုင်ငံတစ်ခုမဟုတ်” တဲ့ လေ။

သတ်္တိခဲမလေးကား လွှတ်တော်ရှေ့ တွင် ဆန္ဒထုတ်ဖော်ရင်း အိမ်စာတွေလုပ်၊ စာတွေဖတ်နှင့် အတော်ခရီးရောက်နေခဲ့ သည်။ ကျောင်းမှာ ပြဿနာတက် ဒုက်္ခ ရောက်မှာကို ကျွန်မ ဂရုမစိုက်ပါဘူး၊ လူတစ်ယောက်တည်းကလည်း အပြောင်း အလဲတစ်ခုကို လုပ်နိုင်တယ်ဆိုတာ ကျွန်မ ယုံတယ်ဟု ဆိုတတ်သေးသည်။

သတင်းမီဒီယာအများစုက မျက်ခြေ မပြတ်သော လွှတ်တော်တွင် ဆန္ဒထုတ် ဖော်နေသည့် သူမကို များမကြာမီပင် မီဒီယာများက သိသွားကြတော့သည်။ ထိုအခါတွင် ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းမီဒီယာများတွင် ဂရီတာထွန်း ဘယ်ရီ မည်သော ၁၅ နှစ်အရွယ် ဆွီဒင်ကျောင်းသူလေးတဦးသည် ရာသီဥတု ပြောင်းလဲမှုကို တာဝန်ရှိသူများက အရေး ထားဆောင်ရွက်ရန်အလို့ငှာ စတော့ဟုမ်း မြို့အလယ်ရှိ ပါလီမန်အဆောက်အအုံ အပြင်တွင် တကိုယ်တော် ဆန္ဒထုတ်ဖော် နေကြောင်း၊ သူမသည် ကျောင်းမတက်ဘဲ ဤသို့ ကျောင်းကို သပိတ်မှောက်ကာ ရာသီဥတုအတွက် ကျောင်းသပိတ်မှောက် ခြင်းဟုဆိုကြောင်း စသည်ဖြင့် ဖော်ပြကြ တော့သည်။

ဤသည်ပင် သူမ၏လုပ်ဆောင် ချက်အတွက် ပထမဆုံးရလဒ်။ နောက် တွင် နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ ရာသီဥတုအရေး ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက သူ့အကြောင်း ကို စိတ်ဝင်စားလာကြကာ အတော်များ များက သူ့ကို ထောက်ခံလာကြသည်။ ရွေးကောက်ပွဲအပြီးတွင်မူ သူမသည် ကျောင်းပြန်တက်ခဲ့သော်လည်း သောကြာ နေ့များတွင် ကျောင်းပြေးကာ လွှတ်တော် ရှေ့တွင် ဆန်္ဒပြခြင်းအမှုကို နိစ္စပတ်ပြုမြဲ။

ဤသည်ကိုသူမက “အနာဂတ် အတွက် သောကြာနေ့”ဟု နာမည်ပေး ထားသည်။ ယင်းသို့ သောကြာနေ့များ တွင် ကျောင်းမတက်ဘဲ ဆန္ဒပြသပိတ်မှောက် ကြရန် အခြား ကျောင်းသားများကိုလည်း သူက စည်းရုံးသည်။

ထိုသို့ကြိုးပမ်းမှုများကြောင့် သူမသည် စတော့ဟုမ်း၏နာမည်ကြီး TEDxStockholmအစီအစဉ်တွင် လည်းကောင်း၊ ၂၀၁၈ ဒီဇင်ဘာတွင်   ကုလသမဂ္ဂ၏ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးညီလာခံတွင်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေးဖိုရမ် တွင်လည်းကောင်း သူမ၏ အမြင်များကို ဆွေးနွေးခွင့်ရခဲ့ သည်။ ထိုအခမ်းအနားများတွင် မျှဝေခဲ့သော သူမ၏ အတွေးအမြင် များကလည်း အတော်ရှင်းလင်းပြတ်သားကာ ထိထိ ရောက်ရောက် ရှိလှ၏။

“ကျွန်မ ရာသီဥတု တရားမျှတမှု အတွက်ပြောချင်တာပါ။ ကျွန်မတို့ လူ့အသိုက်အ၀န်းမှာ ပေးဆပ်စွန့်လွှတ် နေရတာတွေက ဆက်တိုက်ပဲ။ သဘာဝ အရင်းအမြစ်တွေ၊ သက်ရှိတွေလေ။ အနည်းစုဖြစ်တဲ့ လူချမ်းသာတွေ ဇိမ်ခံဖို့ ပိုပိုပြီးကြွယ်ဝလာဖို့ အများစုဖြစ်တဲ့ သာမန်လူတန်းစားတွေမှာတော့ သူတို့ရဲ့ ဘ၀တွေနဲ့ချီပြီး ဒုက္ခခံစားပေးဆပ်နေရ တယ်။ (ကမ္ဘာပေါ်တွင် အနည်းစုဖြစ် သော လူချမ်းသာများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများမှာ သဘာဝအရင်း အမြစ်များ၊ သယံဇာတများကို လွန်စွာ သုံးစွဲ ထုတ်ယူကြခြင်းကြောင့် အကျိုး ဆက်အားဖြင့် သဘာ၀၀န်းကျင်ပျက်စီး ညစ်ညမ်းခြင်း၊ ဂေဟစနစ်ပျက်ယွင်း ခြင်း၊ ရာသီဥတု ဖောက်ပြန်ဆိုးရွားလာ ခြင်းတို့ကို လူသားများ၊ တိရစ္ဆာန်များ ခံစားနေရသည်ကို ပြောလိုဟန်ရှိသည်)။ တာဝန်ရှိတဲ့သူတွေ နိုင်ငံရေး သမားတွေ အနေနဲ့ အခုချိန်မှာ ဒီကိစ္စတွေနဲ့ပတ်သက် လို့ နိုင်ငံရေးအရလုပ်ဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာထက် လုပ်သင့်တာကို လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရှင်တို့ ပြောပြောနေတဲ့ ငါတို့ကလေးတွေကို အရာရာထက် တန်ဖိုးထား ချစ်မြတ်နိုး တယ် ဆိုတဲ့စကားဟာ အလကားပဲ၊ ရှင်တို့ဟာ ကလေးတွေ အနာဂတ်မျိုးဆက် တွေရဲ့ အနာဂတ်တွေကို သူတို့မျက်စိရှေ့ မှာကိုပဲ ဗြောင်ကျကျ ခိုးနေတာမျိုးပဲ ဖြစ်လိမ့်မယ်။ ရာသီဥတုပြောင်းလဲမှုက တော့ ကျွန်မတို့ ကြိုက်ကြိုက် မကြိုက် ကြိုက် ဖြစ်လာနေပြီ။ နောင် ၂၀၇၈ ခုနှစ်မှာ ကျွန်မအသက် ၇၅နှစ်ပြည့်မွေး နေ့လေးရောက်ခဲ့ရင် အဲဒီနေ့မှာ ကျွန်မရဲ့ ကလေးတွေ၊ မြေးတွေနဲ့ ဖြတ်သန်းရမယ် ဆိုပါတော့။ တကယ်လို့ သူတို့လေးတွေ က ရှင်တို့အကြောင်း၊ ဘာလို့ အခုလို အချိန်မှာ သိရက်သားနဲ့ လုပ်သင့်တာ တွေ လုပ်ခဲ့၊ မလုပ်ခဲ့ဆိုတာတွေ၊ အဲဒါ တွေကြောင့် ကျွန်မဘ၀တစ်ခုလုံး သက်ရောက်မှုရှိခဲ့တာတွေ၊ မေးရင် ပြောပြရ မပေါ့။ ရှင်တို့အကြောင်းကို ဘယ်လိုမျိုး မှတ်မိနေစေချင်တာလဲ။ ကျွန်မက နိုင်ငံ ခေါင်းဆောင်တွေကို လုပ်သင့်တာလုပ်ဖို့ အသနားခံနေတာ မဟုတ်ပါဘူး။ တစ်ယောက်တည်းပေမဲ့လည်း အပြောင်း အလဲတစ်ခုလုပ်နိုင်တယ်လို့ ကျွန်မဖြင့် ယုံကြည်တယ်။ ကျွန်မတို့ အားလုံးမှာ မျှော်လင့်ချက်ရှိဖို့ လိုအပ်တာပေါ့။ ဒါပေမယ့်လို့ မျှော်လင့်ချက်ထက် ပိုအရေးကြီးတာက လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အခုအချိန်ဟာ အရေးတယူ လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်”ဟု အခမ်းအနားများတွင် သူမပြောလေ့ရှိ သည်။ ထိုသို့ရဲရဲဝံ့ဝံ့တိုက်တွန်းပြောဆို မှုများကြောင့်ပင် သူမသည် နိုဘဲလ်ငြိမ်း ချမ်းရေးဆုအတွက် အဆိုပြုခြင်းပင်ခံရ သလို နိုင်ငံများက တခုတ်တရ သူမကို ဖိတ်ပြီး သဘာဝပတ်ဝန်းကျင် ရာသီဥတု နှင့်စပ်ဆိုင်သော လှုပ်ရှားမှုအခမ်းအနားများ တွင် ဟောပြောစေကြသည်။

အခုတော့ ဂရီတာ့မှာ ကျောင်းပြေး ဖော် အများကြီးရလာပါပြီ။ သူမရဲ့ အနာဂတ်အတွက်သောကြာနေ့များ အစီအစဉ်မှာ ဆွီဒင်ပြည်တွင်းက ကျောင်း သားတွေ သာမက နိုင်ငံအချို့ကကျောင်း သားတွေပါ သောကြာနေ့တွေမှာ ကျောင်း မတက်ကြတော့ဘဲ လမ်းပေါ်ထွက်ကြလို့ ရာသီဥတု တရားမျှတမှုအတွက် လှုပ်ရှား ပါဝင်လာကြပါပြီ

“ရာသီဥတုအရေးကို ပြဿနာ အကြပ် အတည်းလို့ ကျွန်မတို့ လက်ခံရမယ်။ ဒီပြဿနာအကြပ်အတည်းကို ပြဿနာ အကြပ်အတည်းတစ်ခုကို ရင်ဆိုင်ဖြေ ရှင်းသလိုပဲ ဖြေရှင်းစေချင်ပါတယ်။ တကယ့်အချက်အလက်တွေက အရေးမပါ တော့ဘူးဆိုလို့ရှိရင်၊ သိပ္ပံပညာရှင်တွေ ပြောတဲ့ စကားတွေကို နိုင်ငံရေးအာဏာ ရထားသူတွေနားမထောင်နေဘူးဆိုရင် ကျွန်မတို့ကျောင်းမှာ ဘာသွားသင်နေရ ဦးမှာလဲ။ ဘာလို့ဒုက္ခခံကျောင်းတက် စရာလိုတော့မှာလဲ”လို့ ဂရီတာတစ် ယောက် မေးခွန်းထုတ်ဆဲပေါ့။

ကိုးကား

Crouch,D (2018). The Swedish 15-year-old who’s cutting class to fight the climate crisis. Retrieved September 1st, 2018,http://- https://www.theguardian.com/science/2018/sep/01/swedish-15-year-old-cutting-class-to-fight-theclimate-crisis

Greta Thunberg: “Sweden is not a Role Model. (2018). Retrieved August 24th, 2018, from http://- https://medium.com/@wedonthavetime/greta-thunberg-sweden-is-not-a-role-model-6ce96d6b5f8b

TEDx Talks. School strike for climate – save the world by chaiginf the rules [ Greta Thungerg ] http://- https://youtu.be/EAmmUIEsN9A

ဖိုးကြာရိုး