အလိမ်ခံရသောမောင်ရှေ့နေ

0
1296

မောင်ရှေ့နေတစ်ယောက် ရှေ့နေ အလုပ်စလုပ်ပြီးနောက်ပိုင်း အမြဲလိုလို ဖြေရှင်းနေရတာက လင်မယားကိစ္စတွေ ဖြစ်တယ်။ ချစ်တုန်း ကြင်နာတုန်းက မိုးမမြင်၊ လေမမြင်၊ ပြဿနာဖြစ်လာကြ ပြီဆိုတော့ ရှေ့နေတွေနား ပြေးလာကြ၊ “ကွဲမယ်၊ ကွာမယ် အခုချက်ချင်းလုပ်ပေး” စသဖြင့် ဆူညံပူညံ၊ ပြီးတော့လည်း ပြီး သွားကြပြန်ရော။

မောင်ရှေ့နေတစ်ယောက်လည်း အခုဆို တော်တော်တရားရပြီးများများ သဘောပေါက်လာနေပြီ။ အတွေ့အကြုံ သည်လည်း ဆရာကောင်းတစ်ဆူ မဟုတ်ပါလား။

လွန်လေပြီးသော မနက်ခင်းတစ်ခု ကလည်း အိပ်ရာထလို့မှ မျက်နှာသစ်မလို့ လုပ်တုန်း ၊ အိမ်ရှေ့မှာ လူခေါ်သံကြားလို့ ထကြည့်မိတယ်။ မောင်ရှေ့နေတို့ ရပ် ကွက်ထဲက အမျိုးသမီးတစ်ယောက်၊ အ များကတော့ စိန်မမလို့ ခေါ်ကြတယ်။ မောင်ရှေ့နေတို့ အသက်အရွယ်နဲ့လည်း မတိမ်းမယိမ်း၊ ခင်မင်နေသူများလည်း ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်လည်း  ကောင်းကောင်းသိတယ်။ သူ့ ယောက်ျားက ဘာအလုပ်လုပ်လဲ မသိရ ပေမဲ့ အဆင့်မြင့်အသုံးအဆောင်တွေ၊ ကြီး မားတဲ့တိုက်တာ၊ မော်တော်ကားတွေနဲ့ အလွန်ကောင်းစားနေသူ။ သူမောင်ရှေ့နေ ဆီရောက်နေသည်က အလွန်ဆုံးရှိလှ နံနက် အချိန် ၇ နာရီခန့်သာ ရှိပေဦးမည်။

မောင်ရှေ့နေ ရုံးခန်းထဲ ၀င်ထိုင်ပြီး “အစ်မ ဘာကူညီပေးရမလဲ” လို့ မေးကာ ရှိသေး။ “ဒီလိုပါ အစ်ကိုရယ်၊ ကျွန်မ ယောက်ျားလေ တခြားမြို့မှာ မိန်းမ တစ်ယောက်ယူပြီးနေတာ သမီးလေး တောင် မွေးသွားတယ်လို့ သတင်းကြားတယ်။ ရွာဘက်မှာလည်း ကောင်မလေး တစ်ယောက်နဲ့ရှုပ်နေတာ ကျွန်မသတင်း ကြားပေမဲ့ ကိုယ်တိုင်မမြင်တော့ ကျွန်မ သိပ်မယုံဘူး။ အခုက ပြီးခဲ့တဲ့ ၃ ရက် လောက်က ရန်ကုန်သွားမယ်ဆိုပြီး အိမ်က ထွက်သွားတာ ရန်ကုန်မသွားဘဲ လေယာဉ်ကွင်းနားက ဟိုတယ်တစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ အတူနေနေ တာတဲ့၊ ကျွန်မလည်း လူကြီးတွေခေါ်၊ သက်သေတွေခေါ်ပြီး အဲဒီဟိုတယ်မှာ ညက ၀င်ဖမ်းတာ ကောင်မလေးနဲ့ ပက်ပင်း ကို ရုပ်ပျက်ဆင်းပျက်မိတာပါပဲ။ကောင်မလေးဆိုလို့ အပြင်ကလို့ မထင်နဲ့ အစ်ကိုရေ၊ ရုံးက စာရေးမလေ၊ အစ်ကိုလည်း မြင်ဖူးပါလိမ့်မယ်။ သူလည်း ရုံးမှာ ရန်ကုန်သွားဖို့ပြောပြီး ဟိုတယ်မှာ တစ်ပတ်ငှားပြီး နေနေတာတဲ့။ ကြားလို့ တောင် မကောင်းပါဘူးရှင်၊ အခု ကျွန်မ ဥပဒေအတိုင်း ဖြစ်စေချင်လို့ ၂ ယောက် စလုံးကို လုံးဝခွင့်မလွှတ်ဘူး။ အပြစ်ပေး ခံရတာပဲ မြင်ချင်တယ်”တဲ့၊ အမှန်တော့ မောင်ရှေ့နေ မြိတ်မြို့ကို သွားတုန်း မောင်ရှေ့နေတို့တည်းတဲ့ ဟိုတယ်မှာ ကျောင်းဆရာမလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်နဲ့ လာနှပ်နေတာကို ပက်ပင်း တွေ့ဖူးတယ်။ အခြားမြို့တစ်မြို့မှာ သမီးတော် ဖွားမြင်ထားသည် ဆိုတာလည်း အမှန်ဖြစ်တယ်။ အခုသူနဲ့ ဖြစ်တဲ့ ကောင်မလေးကလည်း မယားရှိတာ သိသိနဲ့ ဖောက်ပြန်တာမို့ စိတ်မကောင်း ပေမဲ့ တစ်ဘက်က ဥပဒေနဲ့အညီ လုပ်တယ် ဆိုတဲ့ကိစ္စ လက်ခံနိုင်စရာ အကြောင်းရှိ တယ်လို့လည်း ထင်မိတယ်။

မစိန်မမ ပြောတဲ့အချက်တွေကို စဉ်းစားပြီး တစ်လင်တစ်မယား ဥပဒေ လည်း ရှိပြီးသားမို့ သက်သေပါတဲ့ ရပ်ကွက်လူကြီးတွေကို ဖုန်းဆက်မေး၊ ဟိုတယ်ကိုလည်း ဖုန်းဆက်စုံစမ်း၊ သက်သေခံ အထောက်အထားတွေကလည်း စုံတာမို့ အပိုင်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီ ပေးခဲ့ပါတယ်။ တစ်ခါတည်းလည်း မစိန်မမကို ပြောလိုက်ပါတယ်။ အမှုက တရားရုံးကို ရောက်ရင် အမှုမအပ်ပါနဲ့၊ လင်မယားအမှုတွေ လိုက်ရတာ စိတ်ပျက် လို့ဆိုပြီးတော့ နောက်ပိုင်း သူ့အမှုကိုသူ ဆက်လုပ်ပါစေပေါ့။

၃ ရက်လောက်ကြာ မနက်စောစောကြီးပဲ မစိန်မမ ရောက်လာပြန်တယ်။ အလွန်ဝမ်းနည်းပူဆွေးတဲ့ ဟန်ပန်အမူ အရာနဲ့“အစ်ကိုရယ်၊ ကျွန်မယောက်ျားကို ရဲတွေဖမ်းထားတယ်။ အာမခံလည်း မရဘူးတဲ့ ၊ သူက ရောဂါရှိတယ် ဆရာရဲ့၊ အချုပ်ထဲမှာ နေလို့ မဖြစ်ဘူး။ ကျွန်မကို လည်း ရှိခိုးတောင်းပန်လို့ သနားသွားပြီ အစ်ကိုရေ၊ အမှုပြန်ပိတ်ဖို့ ကူညီပါဦးတဲ့”မောင်ရှေ့နေ ဒေါသထွက်ရပြန်တယ်။

“ဒီမှာ အမှုကိုဖွင့်၊ ပိတ်လုပ်ချင်တိုင်း လုပ်လို့ရအောင် မီးခလုတ်မဟုတ်ဘူး၊ ရီမန်ယူထားတဲ့ ကာလမို့လို့ ရဲကလည်း အာမခံပေးမှာ မဟုတ်ဘူး။ အချုပ်ထဲ ထည့်လိုက်၊ ထုတ်လိုက်လုပ်ရအောင်က လည်း  ခြင်ထောင်ထဲ ၀င်နေတာမဟုတ် ဘူး၊ ကစားနေတယ်များ ထင်လို့လား၊ တစ်လင်တစ်မယား ဥပဒေ ပုဒ်မ ၁၃က ထောင်ဒဏ် ၇နှစ်အထိ ရှိတယ်။ အမှုနဲ့ ပတ်သက်ပြီး လုပ်ချင်တာတွေလုပ်ဖို့  တရားရုံး အမှုတင်မှပဲ ရှေ့နေငှားပြီး လုပ်ကြလို့”လည်း ဆိုလိုက်ရော ဆောင့်ကြီး၊ အောင့်ကြီးနဲ့ အိမ်ပေါ်ကနေ ထွက်သွားပါ လေရော။

အဲဒါကြောင့် ဒီလိုအမှုတွေ မလိုက် ချင်တာလို့ ရေရွတ်မိတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း သူ့လိုပဲ အမျိုးသမီးတစ်ယောက် သူ့ယောက်ျား နှိပ်စက်လို့ဆိုပြီး ဒဏ်ရာတွေ၊  ဆေးစာ တွေနဲ့ လင်မယားကွာလိုမှု တရားစွဲခိုင်း လို့ စွဲပေးခဲ့ရဖူးတယ်။ အမှုတင်ပြီး တရားလိုအမျိုးသမီးက သူ့မှာရထားတဲ့ ဒဏ်ရာ တွေက သူ့ယောက်ျားလုပ်လို့ ရတာ  မဟုတ်ဘဲ၊ သူ့ဟာသူ ချော်လဲပြီးရတဲ့ ဒဏ်ရာတွေလို့ သိရတယ်။ အဆိုလွှာမှာ ရေးထားတာက တစ်မျိုးဖြစ်နေတော့၊ မောင်ရှေ့နေကလည်း အဆိုလွှာနဲ့တူ အောင် သူ့ယောက်ျားတွန်းချ၊ နှိပ်စက်လို့ ရတဲ့ဒဏ်ရာလို့ ထွက်ဆိုရမယ့် အနေအထား ရှိတယ်လို့ ပြောမိပါတယ်။ သူလည်း ကွာချင်လွန်းလို့ဆိုပြီး အဆိုလွှာမှာ ရေးထား တဲ့အတိုင်း ထွက်ဆိုပါတယ်။ သူက အလှ ပြင်ပြီး နေ့စဉ်လမ်းသလားနေတဲ့ ကိစ်္စကို လည်း ယောက်ျားနှိပ်စက်လွန်းလို့ စိတ် အပြောင်းအလဲဖြစ်အောင် သူငယ်ချင်း အိမ်ကို သွားလည်တာသာဖြစ်ကြောင်း ထွက်ဆိုတာ သိလိုက်ပါတယ်။ နောက်ဆုံး တရားရုံးက လင်မယားကွာ ရှင်းတဲ့ အမိန့်ချလိုက်တော့ ၀မ်းသာ လွန်းလို့ဆိုပြီး မောင်ရှေ့နေကို လက်ပတ် နာရီတစ်လုံးနဲ့ လာကန်တော့သွားပါ သေးတယ်။

တစ်လလောက်အကြာ သူတို့ လင်မယား ပြန်လက်ထပ်လိုက်ပြီကြားရလို့ မောင်ရှေ့နေလည်း ဇဝေဇ၀ါဖြစ်သွားပါ သေးတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက သူ တို့လင်မယားတွေ ရဟန်းခံ၊ ရှင်ပြု အလှူ လုပ်တာ၊ သူ့အမှုကို တစ်ဖက်စီက လိုက်ပေးတဲ့ မောင်ရှေ့နေတို့ ရှေ့နေ ၂ ယောက်ကလွဲလို့ ကျန်ရှေ့နေတွေအား လုံး ၊ တရားရုံးဝန်ထမ်းအားလုံးကို ဖိတ် ပါတယ်။ မောင်ရှေ့နေက သီးသန့်ဖိတ် မလို့ ချန်ခဲ့တာများလားဆို စဉ်းစားပြီး၊ အလှူပွဲပြီးတဲ့အထိ ဖိတ်စာမလာတော့ နောက်မှ ပြန်ကြားရတာက “ အဲဒီအမှု လိုက်ပေးတဲ့  ရှေ့နေနှစ်ယောက်က သူတို့ လင်မယား  မကွဲကွဲအောင် တရားရုံးမှာ ထွက်ဆိုဖို့ ပြောလို့ မုန်းလွန်းလို့ မဖိတ် တာ”လို့ ဆိုသတဲ့ဗျာ။

အခု မနက်လည်း လင်မယား၂ ယောက် ရောက်လာပြန်ပါပြီ။

ခင်မင်ရင်းနှီးတဲ့ သူထဲကပါပဲ။ လင်မယားအမှုဆို လာမအပ်နဲ့လို့ ပြော ရုံရှိသေး။ မယားလုပ်သူက “ဒီလိုဆရာရဲ့၊ ကျွန်မတို့လင်မယား ချစ်ခင်နေတာ ဆရာလည်း မြင်တာပဲ၊ သူဟိုနှစ်က အမှုတစ်ခုနဲ့ အချုပ်ထဲ ရောက်တာ ကျွန်မဘယ်လောက်ထိလိုက် လုပ်ပေးလဲ ဆရာလည်းသိတာပဲ၊ ဆေးရုံ တက်တာ လည်း ၂ လလောက် ကျွန်မ ဘယ်လောက် ပင်ပန်းလဲဆိုတာ ဆရာလည်း သိမှာပါ။ တစ်ခါမှ သူအနားက မခွာခဲ့ပါဘူး ဆရာ ရယ်”

မောင်ရှေ့နေလည်း အတွေးတွေ ဆန့်မိတာ ဟုတ်သားပဲ၊ သိပ်သစ္စာရှိတဲ့ မိန်းမ။

“အခုက ဘာကိစ္စလဲ”ဆိုတော့ “ဒီလိုပါ ဆရာရယ်၊ အခုတလော စီးပွားရေးမကောင်း တော့ ဗေဒင်မေးတာ၊ လင်မယား တရားဝင် ကွာပြီး ၇ ရက်ခွဲအိပ် ရမယ်တဲ့။ ပြီးမှ တရားဝင် ပြန်ပေါင်းရ မယ်ဆိုပြီး အဟောထွက်တယ်၊ အခုလည်း သူ့အိမ်မှာပဲ ဆက်နေမှာပါ။ ဒီ ဗေဒင်က မှန်လွန်းလို့ ဖြစ်အောင်လုပ်မှ ရမယ်။ ဆရာက အစ်ကို့ကို ကူပြောပြီး ကူညီပေးပါဦး”တဲ့။

မောင်ရှေ့နေကလည်း “ဟင်း”လို့ ရေရွတ်ပြီး သူ့ယောက်ျားကိုမေးတော့

“သူ့နဲ့ ကျွန်တော်က သိပ်ချစ်ပါ တယ်ဆရာရယ်။ အခုလည်း ဂြိုလ်ပြေနံ ပြေမို့ ဆရာဆီက ဥပဒေကြောင်းအရ ဘာတွေရှိလဲ သိချင်ပြီး ဆရာသဘောတူ ရင်လည်း လုပ်လိုက်မယ် ဆရာ”တဲ့ မောင်ရှေ့နေလည်း ဥပဒေအကြောင်းတွေ အသေးစိတ်ရှင်းပြတော့ နှစ်ယောက်စလုံး က “ဘာဖြစ်ဖြစ်၊ လုပ်လိုက်တော့မယ် ဆရာရေ”ဆိုတော့ မောင်ရှေ့နေလည်း တရားရုံးမှာ ကွာရှင်းဖို့ကိစ္စ အစစ  အရာရာ စီစဉ်ပေးပါတယ်။

တရားရုံးမှာတောင် နှစ်ယောက်စလုံး လက်တွဲမဖြုတ်ဘဲ ထိုင်နေလို့ ဟန့် လိုက်ရသေးတယ်။ တစ်ပတ်နီးပါး လောက်ကြာတော့“ဆရာရေ လုပ်ဦး””ဆို ပြီး ယောက်ျားဖြစ်သူတစ်ယောက်ထဲ ပျာ ယီးပျာယာ ရောက်ချလာတော့ “ဆရာရေ ကွာပြီးကတည်းက ကျွန်တော့်မိန်းမ အိမ် မှာ လာမအိပ်တော့ပါဘူး၊ ခု ဖေ့စ်ဘုတ်နဲ့ ဖုန်းမှာလည်း ကျွန်တော့်ကို ဘလော့ လိုက်ပြီ၊ ဆရာ့ရုံးက ရှေ့နေတစ်ယောက်  နဲ့ ၂ ယောက်တွဲပြီး ဏမသ်ငူန ပုံတောင် ချိန်းလိုက်ပြီလို့ ကြားရတယ်။ အခုလည်း ဒီနေ့မှာ အဲဒီရှေ့နေနဲ့ လက်မှတ်ထိုးတော့ မယ်လို့ ကြားတယ် ဆရာရေ”ဆိုပြီး ငိုချပါလေရော။

မောင်ရှေ့နေလည်း ဖုန်းစပီကာ ဖွင့်ပြီး သူ့မိန်းမဆီ ဖုန်းဆက်မေးတော့ အမှန်ပဲဆိုတာ သိရပြီး၊ နည်းလမ်းကို လည်း သူ့နဲ့လက်ထပ်မယ့် ရှေ့နေက ပေးတယ်ဆိုသတဲ့။

ပြီးတော့ ပြောပုံက “သူနဲ့ တရားဝင် ကွာထားပြီးမို့လို့ နှောင့်ယှက်ရင်တော့ ဥပဒေအရပဲ”တဲ့။

အဲဒီမှာ ကိုယ့်လူကတော့။ ကျွန်တော် ကတော့ အကြီးကြီးကို အလိမ်ခံလိုက်ရပြီ ဆရာရေ”လို့ အော်ငိုနေတုန်း မောင်ရှေ့နေရဲ့ ရင်ထဲမှာလည်း “ငါပါရောပြီး အလိမ်ခံ လိုက်ပါတကား”လို့ ရေရွတ်မိပါတော့ သတည်း။     

အောင်ဇာနည်စိုး