ဆိုင်ကယ်လဲသူထံမှ ဘိန်းစာမှုန့်ဖမ်းမိ

0
485

ကော့သောင်းမြို့နယ် ဘန်းကချွန် ကျေးရွာအုပ်စုတွင် ဆိုင်ကယ်လဲသူထံမှ ဘိန်းစာမှုန့်ခြောက်ရာဂရမ်ခန့်ကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

ဘန်းကချွန်ကျေးရွာအုပ်စု၊ စိုင်ဒင်း ကျေးရွာတွင် ဧပြီလ ၂၂ ရက်က ဆိုင်ကယ် မတော်တဆဖြစ်ကြောင်း သတင်းရသည့် အတွက် သွားရောက် စစ်ဆေးရာမှ လဲကျနေသည့် ဆိုင်ကယ်ဘေးတွင် ဘိန်းစာမှုန့်များကို တွေ့ရှိရကြောင်း ရဲ မှတ်တမ်းအရ သိရသည်။

အဆိုပါဆိုင်ကယ်ကို ၁၂ မိုင်ကျေးရွာ နေ အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦးက မောင်းနှင်လာဖြင်းဖြစ်ပြီး အရှိန် မထိန်းနိုင်ဘဲ ဆိုင်ကယ်လဲကျခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆိုင်ကယ်လဲခြင်းကြောင့် ယင်းလူငယ်တွင် ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့် အတွက် ကော့သောင်းပြည်သူ့ ဆေးရုံ ကြီးသို့ တင်ပို့ကုသခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

အသက် ၁၇ နှစ်အရွယ် အမျိုးသား ကို ရာဇသတ်ကြီးပုဒ်မ- ၃၃၈ (ယာဉ် မဆင်မခြင်မောင်းနှင်မှုကြောင့် အပြင်း အထန်နာကျင်စေမှု)နှင့် မူး/စိတ်ပုဒ်မ- ၁၆(ဂ) (မူးယစ်ဆေးကို လက်ဝယ်ထား ခြင်း၊ သယ်ယူပို့ဆောင်ခြင်း) တို့ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch