ကျွန်းစုတွင် လေပြင်းကြောင့် အိမ်နှစ်လုံး ပြို

0
425

ကျွန်းစုမြို့နယ်၊ မိုင်းသွေးရွာတွင် လေပြင်းကြောင့် နေအိမ်နှစ်လုံးပြိုကျခဲ့ ကြောင်း မြိတ်ခရိုင်၊ ဘေးအန္တရာယ်စီမံ ခန့်ခွဲ့မှု ဦးစီးဌာနထံမှ သိရသည်။

ကျွန်းစုမြို့တောင်ဘက်ရှိ ကဘင် ကျေးရွာအုပ်စု၊ မိုင်းသွေးရွာတွင် ဧပြီလ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် လေပြင်းတိုက် ခတ်ခဲ့ခြင်းဖြစ်ပြီး ဓနိမိုးထရံကာ နေအိမ် နှစ်လုံးပြိုကျကာ နေအိမ် ၅ လုံး အမိုးလန်ခဲ့ကြောင်း အထက်ပါဌာနနှင့် ဒေသခံအချို့ ထံမှ သိရသည်။

၎င်းအပြင် စာသင်ကျောင်းဆောင် တစ်ဆောင်နှင့် ဘုန်းကြီးကျောင်းတစ် ကျောင်းတွင်လည်း အမိုးလန်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

နေအိမ်ပြိုကျမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း  ကျွန်းစုမြို့မရဲစခန်းထံမှ သိရသည်။

ကိုဆန်း