ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
716

၂၉-၄-၂၀၁၉ မှ ၅-၅-၂၀၁၉ထိ

တနင်္ဂနွေ

ရရန်ရှိသော အငွေကြေးများ သင့်ထံ ပြန်ဝင်လာမည်။ သင့်အိမ်၌ အလှူအတန်း ပြုရတတ်သော ကာလ ဖြစ်သည်။ လုပ်ငန်းစာမေးပွဲ၊ အင်တာဗျူး၊ စာမေးပွဲများ ဖြေဆိုအောင်မြင်မည်။ သွေးသားနှင့် ပတ်သက်သော ရောဂါဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ် အချစ်မှန်ကို ပိုင်ဆိုင်ရရှိမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဆီထမင်း၊ ကြက်ဥ

ယတြာ                     – သဘောင်္သီးမှည့်ကို အစိတ်စိတ်ပြု၍  ဘုရားဆွမ်းကပ်လှူပါ။

တနင်္လာ

ရေလမ်းခရီးတစ်ခု သွားရတတ်သည်။ သားသမီး ရတနာရတတ်သည်။ သင့်ကို လုပ်ငန်းနှင့် ပက်သက်၍ အကြံပြုလာပါက ထိုလုပ်ငန်း လုပ်သင့်သည်။ ဆီး၊ ကျောက်ကပ် ကျန်းမာရေး ဂရုပြုပါ။ မေတ်္တာရေးသည်ကား ချစ်သူက သင့်အပေါ် မေတ္တာရှိသည်ကို သင်သံသယ မထားပါနှင့်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – ကာကီရောင်၊ လိမ္မော်ရောင်

မစားသင့်သော အစားအစာ       – မုန့်ဟင်းခါး၊ ငါးဥ

ယတြာ                     – ကျောင်းကန်ဘုရား တည်ဆောက်ရာ၌ အလှူငွေ ပါဝင်ပါ။

အင်္ဂါ

လူမျိုးကွဲ၊ နိုင်ငံခြားနှင့် ဖက်စပ်သော လုပ်ငန်းများ အဆင်ပြေမည်။ မြေ၀င်မည်။ ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းများ အဆင်ပြေမည်။ အာရုံကြော၊ ခေါင်းကိုက်ဝေဒနာများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ဆူးငြောင့် ကင်းစင်သော ခရီးလမ်းဖြစ်ပါမည်။

အကျိုးပေးသော အရောင်         – အညိုရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမေ်္မ်ာရောင်

 မစားသင့်သော အစားအစာ      – အုန်းနို့ ၊ ဇီးသီး

ယတြာ                     – ဗောဓိညောင်ပင်၌ ရေလောင်းပါ။

ဗုဒ္ဓဟူး

ပညာသင်ခြင်း၊ စာမေးပွဲ ဖြေဆိုခြင်း ကိစ္စများ အဆင်ပြေမည်။ လူမျိုးကွဲတို့နှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ သို့သော် ယခုကာလ၌ တယ်လီဖုန်း မ၀ယ်ပါနှင့်။ လုပ်ငန်းများ အောင်မြင်မည်။ မေတ္တာရေးသည်ကား ချစ်သူကို အထင်မလွဲပါနှင့်။

အကျိုးပေးသော အရောင်         – ရွှေရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဒူးရင်းသီး၊ ဒန်ပေါက်

ယတြာ                     – ဗောဓိညောင်ပင်၌ ရေသက်စေ့ လောင်းလှူပါ။

ကြာသပတေး

အကယ်၍ သင်သည် အလုပ်လျှောက်ထားသူဖြစ်က မုချ အလုပ်ရမည်။ ပန်ကာ၊ အဲကွန်း၊ တီဗွီစသော စက်ပစ္စည်းများ ၀င်မည်။ အောင်ဘာလေထီ ကံစမ်းပါ။ ခန္ဓာကိုယ် ယားယံခြင်း ဝေဒနာများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ်၊ အချစ်မှန်ကို ပိုင်ဆိုင်ခွင့် ရရှိမည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ ပြောက်ကျားရောင်

မစားသင့်သော အစားအစာ       – သင်္ဘောသီးသုပ်၊ ဇီးသီး

ယတြာ                     – ပန်းသီး၂လုံးကို ခွဲစိတ် ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

သင်တန်းတက်ရခြင်း၊ ပညာရေး ကိစ္စများ အဆင်ပြေမည်။ စီးပွားရေး လုပ်ငန်းများ အဆင် ပြေမည်။ မိမိအိမ်သို့ ရပ်ဝေးဧည့်သည်များ လာမည်။ ကျန်းမာရေး အညံ့မရှိပါ။မေတ်္တာရေး သည်ကား သင့်မေတ္တာကို ချစ်သူက ယုံကြည်လက်ခံ လာပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ ပန်းရောင်

မစားသင့်သော အစားအစာ       – ဘဲဥ၊ မုန့်ဟင်းခါး

ယတြာ                     – ထိုးမုန့် တစ်မျိုးမျိုး ဘုရားကပ်လှူပါ။

စနေ

မိမိအိမ်၌ မင်္ဂလာကိန်းတစ်ခု ပြုရတတ်သည်။ သားသမီး ရတနာရမည်။ စီးပွားရေး လုပ်ငန်း များ တိုးတက်စည်ပင်မည်။ ထီ(သို့) ထီနှင့် အလားတူ ငွေဝင်မည်။ မိမိအိမ်၌ ယာဉ်များ ရောင်းထွက်မည်။ မေတ္တာရေးသည်ကား သင့်မေတ္တာကို ချစ်သူက ယုံကြည်လက်ခံလာပါမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ၀က်သား၊ ရေခဲမုန့်

ယတြာ                     – နာနတ်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်

                               ကပ်လှူပါ။

                                              လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                               ဝေဒလက္ခဏသုတေသီ