နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရုပ်တု ဖွင့်ပွဲ ဧပြီ ၁၉ ကျင်းပမည်

0
1338

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ ရုပ်ထုဖွင့်ပွဲအား ဧပြီလ ၁၉ ရက် တွင် မွေးရပ်ဇာတိဖြစ်သည့် ရေဖြူမြို့နယ် အုန်းပင်ကွင်းရွာတွင် ကျင်းပမည်ဖြစ်ကြောင်း ဦးဗဆွေရုပ်တုဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ဦးဗဆွေရုပ်တုအမြင့်မှာ ၆ ပေ ၃ လက်မရှိပြီး ကြေး ၇၉ ပိဿာဖြင့် သွန်းလောင်း ထားခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

၁၉၃၆ ခုနှစ်တွင် မောင်(ဦး)ဗဆွေသည် ထားဝယ်ကျောင်းသားသမဂ်္ဂခေါင်းဆောင် ဖြစ်ခဲ့ပြီး ကို(ဦး)နု၊ ကို(ဗိုလ်ချုပ်)အောင်ဆန်း တို့နှင့်ဆက်သွယ်ကာ ရန်ကုန်တက်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ကာ ရေနံမြေသပိတ်တွင်လည်း ကျားကြီးဗဆွေဟု ထင်ရှားခဲ့သူ ဖြစ်သည်။

ဦးဗဆွေသည် ၁၉၅၂ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး၊ ၁၉၅၆ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ၁၉၅၇ ခုနှစ်တွင် ဒုတိယ၀န်ကြီးချုပ် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။              

မိုးမြင့်