ဗဟိုအစိုးရကိုပဲ အားမကိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

0
717

ပြည်သူ/ပြည်သားများအနေဖြင့် ဗဟိုအစိုးရကိုပဲ အားမကိုးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဧပြီလ ၄ ရက်တွင် ပြုလုပ်သည့် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲတွင် အသိပေး ပြောကြားခဲ့သည်။

မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မွန် ဒေသခံများ တွေ့ဆုံပွဲတွင် ပြည်သူလူထုမှ တင်ပြသည့် တချို့ကိစ္စရပ်များသည် ပြည်နယ်အစိုးရက ဖြေရှင်းပေးရမည့်ကိစ္စ ဖြစ်နေသည့်အတွက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ်္ဂိုလ်က ယင်းသို့ ပြောကြားလိုက် ခြင်းဖြစ်သည်။

“ပြည်သူပြည်သားတွေကို နည်းနည်းအသိ ပေးပါရစေ။ ဗဟိုအစိုးရကိုပဲ သိပ်ပြီး တော့ နင်းကန်ပြီး အားမကိုးပါနဲ့။ ကျွန်မ တို့ ဒီမိုကရေစီလိုချင်တယ် မဟုတ်လား။ ဒီမိုကရေစီလိုချင်လို့ရှိရင် နံပါတ်တစ် ကိုယ့်ကိုယ်ကို အားကိုးရမယ်။ ကိုယ်လုပ် နိုင်သလောက်လုပ်ရမယ်။ မှန်မှန်ကန်ကန် ဥပဒေဘောင်အတွင်းက လုပ်ရမယ်။ ပြည်နယ် နဲ့တိုင်းအစိုးရနဲ့ ဆိုင်တဲ့ကိစ္စတွေကို ပြည်နယ်နဲ့ တိုင်းကျော်ပြီးတော့ ဗဟိုကနေဆုံး ဖြတ်ပေးပါဆိုတဲ့ အလေ့အကျင့်ကိုတော့ ကျွန်မအနေနဲ့ အားမပေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ချင်ပါက ပြည်နယ်နှင့် တိုင်း အစိုးရတို့က ၎င်းတို့၏ တာဝန်ကို ကျေပွန် အောင်လုပ်ရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူလူထု မှ ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်တင်ပြကြရာ သောက်သုံးရေလုံလောက်စွာရရှိရေး၊ လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ မြေယာ ပြဿနာအစရှိသည့် ကိစ္စရပ်များ အများဆုံး ပါဝင်သည်။

ပြည်သူလူထုမှ တိုက်ရိုက်တင်ပြလာသည့်ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန် ရှိသူတို့မှ တိုက်ရိုက်ဖြေရှင်းခဲ့ပြီး အချိန် အကန့်အသတ်ကြောင့် တိုက်ရိုက် တင်ပြခွင့် မရရှိသူများအနေဖြင့် စာဖြင့် တိုင်ကြားခဲ့ ကြသည်။

“ပြည်နယ်အစိုးရနဲ့ဆိုင်လို့ပဲ ပြည်နယ် အစိုးရကို တိုင်တယ်၊ ဘာမှ မလုပ်ပေးဘူး၊ နိုင်ငံတော်သမ္မတလာတော့ ထပ်တိုင် တယ်၊ ဘာမှမထူးလို့ အခု ဒေါ်အောင်ဆန်း စုကြည်လာတာ ထပ်တိုင်လိုက်တယ်” ဟု မြေယာပြဿနာကို တိုင်စာဖြင့် တိုင်ကြားခဲ့သည့် ချောင်းဆုံမြို့နယ်ဒေသခံ တစ်ဦးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံ ပွဲသို့  ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထု ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်နယ် သို့ ဧပြီလ ၄ ရက်က ရောက်ရှိခဲ့ပြီး မော်လမြိုင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ် ခဲ့သည့်အပြင် မော်လမြိုင်ပြည်သူ့ဆေးရုံ၊ ကျိုက်သလ္လံဘုရားသို့ သွားရောက်ခဲ့သည်။

ယဉ်စနိုင်း