မောတောင်နယ်စပ်တွင် ဘိန်းစာမှုန့် ကီလိုသုံးရာကျော် ဖမ်းမိ

0
750

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ်မောတောင်နယ်စပ်တွင် မတ်လ ၂ ရက်က ဘိန်းစာမှုန့် ကီလိုသုံးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။

မောတောင်မြို့ရှိ ဒေသအခေါ် ဆော့ကလွတ်ချောင်း အနီးတွင် သတင်းအရ သွားရောက်စုံစမ်းခဲ့ရာ အမျိုးသား နှစ်ဦး၏ ပီနံအိတ် ၁၂ အိတ်အတွင်းမှ ပလပ်စတစ်အကြည်ဖြင့် ထုပ်ထားသည့် ဘိန်းစာမှုန့် ၃၀၇ ကီလို( ပိဿာ ၂၀၀ ခန့်)အား ဖမ်းမိခဲ့ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

အဆိုပါ ဘိန်းစာမှုန့်တစ်ကီလိုလျှင် ကျပ်ခြောက်သောင်းခွဲနှုန်းဖြင့်တွက်ချက်ရာ စုစုပေါင်းတန်ဖိုး ကျပ်သိန်းနှစ်ရာနီးပါးခန့်ရှိကြောင်း တနင်္သာရီမြို့မရဲစခန်း ထံမှ သိရသည်။

ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၂၉ နှစ်နှင့် အသက် ၃၄ နှစ်ရှိ အမျိုးသားနှစ်ဦးတို့အား မောတောင် နယ်မြေရဲစခန်းက မယ(ပ)၂/၂၀၁၉၊ မူး/ စိတ်ပုဒ်မ ၁၉(က)၊ ၂၂(က)တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)