ဓာတ်ဆီ၊ ဒီဇယ် မီးလောင်မှုကို တိုက်ရိုက်ငြိမ်းနိုင်မည့် မီးသတ်ကား ကော့သောင်းသို့ ပို့

0
731

ဓာတ်ဆီ၊ ဒီဇယ်မီးလောင်မှုအား တိုက်ရိုက်ငြိမ်းသတ်နိုင်သည့် မီးသတ်ယာဉ်တစ်စီးအား ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနသို့ မတ်လ ၂၇ ရက်က လွှဲပေးခဲ့ကြောင်း တနင်္သာရီတိုင်းမီးသတ် ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မီးသတ်ယာဉ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် တင်ဒါခေါ်ကာ ၀ယ်ယူခဲ့ ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရုံးချုပ်မှ ခွဲတမ်းချပေးသည့် ပိုလန်နိုင်ငံထုတ် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်တစ်စီးနှင့် ရှာဖွေကယ်ဆယ်ရေးသီးသန့် အသုံးပြုနိုင်သည့်ယာဉ်တစ်စီးအား ၂၀၁၈ ခုနှစ်က ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွက် ချထားပေးခဲ့ပြီး ကော့သောင်း ခရိုင်အတွက် ကျန်ရှိနေခြင်းကြောင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၎င်းယာဉ်တွင် ရေ ၂၈၀၀ ဂါလံ၊ အမြုပ်ဆေး ၉၀၀ ဂါလံဆံ့ပြီး ဒီဇယ်၊ ဓာတ်ဆီ မီးလောင်မှုများကို တိုက်ရိုက် ငြိမ်းသတ်နိုင်သည့်အပြင် မီးတောထဲသို့ ၀င်ကာ အသက်ကယ်နိုင်သည့် လေရှူစက် ကိရိယာများပါဝင်ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်