စက်သုံးဆီ အခြင်အတွယ်မမှန်ဟု သံသယရှိက စစ်ဆေးပါ

0
1013

တိုင်းအတွင်း တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီဆိုင် များတွင် ဆီအခြင်အတွယ်မမှန်ဟု သံသယ ရှိပါက ကိုယ်တိုင်စစ်ဆေးနိုင်ကြောင်း မြန်မာ့ရေနံထွက်ပစ်္စည်း ရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ်ရေးအရာရှိ ဦးသန်းထွေးက ပြောသည်။

ဝယ်ယူသုံးစွဲသူများ ကိုယ်တိုင်စစ်ဆေး နိုင်ရန် တရားဝင်ဆီဆိုင်များတွင် ၄ ဂါလံ ဆံ့ စံခွက်နှင့် နှစ်ဆယ်လီတာဆံ့ စံခွက် များထားရှိရန် ညွှန်ကြားထားပြီး ဖုန်း နံပါတ်လည်း ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။

“အခြင်အတွယ် မပြည့်ဘူးဆိုတာ သိတယ်ဆိုရင်လည်း ချက်ချင်း တိုင်ကြား လို့ရအောင် ဖုန်းနံပါတ်တွေလည်း ထည့်ပေး ထားတယ်”ဟု ဦးသန်းထွေးက ပြောသည်။

စံသတ်မှတ် ချက်ဖြစ်သည့် စက်သုံးဆီ တစ်ဂါလံလျှင် ၄ ဒဿမ ၅၄၆ လီတာရှိရ မည်ပြီး အခြင်အတွယ် မပြည့်ပါက ၀၉-၈၇၅၂၃၁၈ ထံ ရုံးချိန်အတွင်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ဗီနိုင်းများ စက်သုံး ဆီဆိုင်များတွင် ကပ်ထားသည်။

ဖုန်းဆက် တိုင်ကြားလာပါက ချက် ချင်း ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး အခြင်အတွယ် မမှန်ကန်ပါက ရေနံထွက် ပစ်္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ စာရင်းများ အရ ထားဝယ်ခရိုင်တွင် စက်သုံးဆီဆိုင် ၁၂ ဆိုင်၊ မြိတ်ခရိုင်တွင် ၆ ဆိုင်နှင့် ကော့သောင်းခရိုင်တွင် ၄ ဆိုင်ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း တရားဝင် ရောင်းချနေသည့် စက်သုံးဆီဆိုင်ကြီးများ ရှိသကဲ့သို့ တရားဝင်မဟုတ်သည့် တစ်နိုင် တစ်ပိုင် ရောင်းချနေသော ဆိုင်ငယ်များလည်း မြောက်မြားစွာ ရှိသည်။

ကိုဇော်