စံပြစိုက်ခင်းဧက သုံးထောင်၊ တစ်မြို့နယ် တစ်ရွာနှုန်း

0
894

တနင်္သာရီတိုင်းအတွင်း တစ်မြို့နယ် လျှင် တစ်ရွာနှုန်း၊ တစ်ရွာလျှင် တစ်ဆက် တစ်စပ်တည်းရှိသည့် မြေဧက သုံးရာနှုန်း ဖြင့် စုစုပေါင်းဧက သုံးထောင်ကို စံပြစိုက်ခင်း ဖော်ဆောင်မည်ဖြစ်ကြောင်း တိုင်း ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ဇဟာ၊ သာယာ ကုန်း၊ ဆင်ကူး၊ နတ်တွင်း၊ မြိတ်ခရိုင်တွင် ၀န်မယ်၊ မောင်းလှော်၊ လက်ကူး၊ အရှေ့ မော်တုန်းနှင့် ကော့သောင်းခရိုင်တွင် ရွှေပြည်စိုး၊ ထောင်ခမတ် စသည့် ကျေးရွာများ ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း အထက်ပါ ဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ပြောသည်။

စံပြစိုက်ခင်းဧရိယာအတွင်း ကျရောက်သည့် လယ်ယာ၊ စိုက်ခင်းနှင့် ဥယျာဉ်ခြံများတွင် သီးနှံဖျက်ပိုးမွှားများ ကာကွယ်နှိမ်နှင်းခြင်း၊ မျိုးအဟောင်းများ ကို မျိုးသစ်ဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေအမျိုးအစားနှင့် သီးနှံအမျိုးအစား အလိုက် ထည့်သွင်းအသုံးပြုရမည့် ဓာတ်မြေ သြဇာအမျိုးအစားနှင့် ပမာဏတို့ကို တောင်သူများအား လက်တွေ့လုပ်ဆောင် စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်တော့ စလုပ်ဖြစ်မလဲဆိုတော့ တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ကတော့ ပြီးခဲ့တဲ့လကတည်းက စနေပြီ ပေါ့။ လုပ်မယ့်ရွာတွေက မြေနမူနာတွေ လည်း ဓာတ်ခွဲခန်းကိုရောက်နေပြီ၊ ဓာတ်ခွဲ ပြီးရင်တော့ ရလဒ်ကို တောင်သူတွေကို အသိပေးရမယ်”ဟု ၎င်းက ဆိုသည်။

ယင်းကျေးရွာ ဆယ်ရွာစံပြစိုက်ခင်း အောင်မြင်ပါက နောက်ထပ်ကျေးရွာများ ကို ဘဏ္ဍာနှစ်အလိုက် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။

ယင်းစံပြစိုက်ခင်းဆောင်ရွက်နိုင်ရန် အတွက် မြေဧက ၅၀ ကို စိုက်ပျိုးရေးဌာမှ ၀န်ထမ်းတစ်ဦးနှုန်းဖြင့် ကြီးကြပ်မည် ဖြစ်ပြီး ယင်းဝန်ထမ်းများကို မတ်လ ၂၉ မှ ၃၀ ရက်အထိ ထားဝယ်မြို့တွင် သင်တန်းပို့ချပေးထားကြောင်း တိုင်းစိုက် ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး