ထားဝယ်တွင် ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ တရားမ၀င် နိုင်ငံခြား အရက်နှင့် ဘီယာများဖမ်းမိ

0
3415

ထားဝယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ လိုင်စင်မဲ့ နိုင်ငံခြားအရက်နှင့် ဘီယာများ ဖမ်းမိခဲ့ ကြောင်း ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေး ဌာနထံမှ သိရသည်။

မတ်လ ၃၀ ရက် ညနေပိုင်းတွင် ထားဝယ်ကမ်းနားလမ်းပေါ်ရှိ မြောင်းပုလဲ တံတားအနီးတွင် ကန်တာအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ကားပေါ်တွင် ထိုင်းနိုင်ငံထုတ် Chang တံဆိပ်နှင့်  Singha အမှတ်တံဆိပ်ဘီယာ ၂၂၄ ဖာ ဖမ်းမိခဲ့ကြောင်း ခရိုင်မှုခင်း နှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူက ဆိုသည်။

ဖမ်းမိသည့် လိုင်စင်မဲ့ဘီယာများမှာ ငွေကျပ် ၄၂ သိန်းကျော် တန်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ယစ်မျိုးဥပဒေပုဒ်မ- ၃၀(က)ဖြင့် အမှုဖွင့် ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းနောက် မတ်လ ၃၁ ရက်တွင် သပြေချောင်းရွာဘက်မှ ဇလွန်းရွာဘက် သို့ မောင်းနှင်လာသည့် TOYOTA REVO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရဲတပ်ဖွဲ့ဝင် များအား ပွတ်တိုက်၍ ထားဝယ်-ထီးခီးလမ်းအတိုင်း မောင်းပြေးသွားခဲ့သည်ဟု ရဲအုပ်အောင်သူက ပြောသည်။

ထွက်ပြေးမောင်းနှင်သွားသည့် အထက်ပါကားကို ပကာရီရဲကင်းစခန်း အရှေ့တွင် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး  စစ်ဆေး ရှာဖွေရာ လိုင်စင်မဲ့အရက် ၈၅ ဖာ ဖမ်းမိခဲ့ကြောင်း အထက်ပါဌာနထံမှ သိရ သည်။

အဆိုပါဖမ်းမိသည့် လိုင်စင်မဲ့အရက် များမှာ ငွေကျပ် ၃၁ သိန်းကျော်(၃၁၀၆၈၀၀ ကျပ်) တန်ဖိုးရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လိုင်စင်မဲ့အရက်များ သယ်ဆောင် လာသည့်ကားမှာ လိုင်စင်မဲ့မော်တော် ယာဉ်ဖြစ်နေသည့် အတွက် အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်း အမျိုးသားကို ပို့ကုန်သွင်းကုန်ဥပဒေနှင့် ယစ်မျိုးဥပဒေ ပုဒ်မ-၃၀(က)တို့ဖြင့် သီးခြားစီ အမှုဖွင့် ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

အဆိုပါနေ့တွင်ပင် ထားဝယ်မြို့ ၊ မြောင်းပုလဲရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ ဂိုဒေါင်အား သတင်းအရ ၀င်ရောက်ရှာ ဖွေခဲ့ကြောင်း ရဲအုပ်အောင်သူက ဆိုသည်။

အဆိုပါဂိုဒေါင်အတွင်း ကျပ်သိန်း ကိုးရာကျော်(၉၃၀၇၃၀၀၀ကျပ်) တန်ဖိုးရှိ လိုင်စင်မဲ့နိုင်ငံခြားအရက်၊ ဘီယာ တံဆိပ် မျိုးစုံကို ဖမ်းမိခဲ့ကြောင်း ၎င်းက ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ဂိုဒေါင်မန်နေဂျာဖြစ်သည့် အသက် ၂၂ နှစ်အရွယ်အမျိုးသားကို ယစ်မျိုးဥပဒေ ပုဒ်မ- ၃၀(က)ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“တရားမ၀င်ေ ရာင်းချနေတာတွေရှိ တာပေါ့နော်။ ကျွန်တော်တို့က မှုခင်းကြို တင်ကာကွယ်ရေးအတွက် ဒီဥစ်္စာတွေကို စုံစမ်း ထောက်လှမ်းပြီးတော့ ဖမ်းဆီးတာ ပါ”ဟု ရဲအုပ်အောင်သူက ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက် ၍ အမျိုးသားသုံးဦးကို ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

Dawei Watch