တိုင်းအစိုးအရ၊ သယံဇာတစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ

0
537

သယံဇာတ စီမံအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး တိုင်းအစိုးရဟာ ပြုပြင်ပြောင်းလဲမှု တစ်ချို့ ပြုလုပ်လာတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် တက်လာပြီးနောက်ပိုင်း တိုင်းအစိုးရဟာ သယံဇာတအရေးမှာ လူထုအသံကို အတိုင်းအတာတစ်ခုအထိ နားထောင်လာတဲ့ သာဓကတွေ ရှိလာခဲ့ တယ်။ အထူးသဖြင့် သတ္တုကဏ္ဍမှာ သိသာပါတယ်။ ပထ၀ီအနေအထားနဲ့ ဘူမိဖြစ်တည်မှုအရ သယံဇာတ အရင်း အမြစ်ကြွယ်ဝလှတဲ့ တနင်္သာရီတိုင်းဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရဲ့ ဘူမိနက်သန်နေရာမှန်လည်း ဖြစ်နေသေး တယ်။

မြန်မာနိုင်ငံမှာ လေးခုတည်းရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တွေအထဲက သုံးခုက တိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ ထားဝယ်မြို့နဲ့ မိုင် ၅၀ ကျော် သာဝေးတဲ့ ကံပေါက်ဒေသမှာ။ မြန်မာပြည် မှာ အကြီးဆုံးလို့ ပြောလို့ရသေးတဲ့ ဟိန္ဒားလိုသတ္တုတွင်းတွေ၊ အခုနောက်ဆုံး တွေ့ရှိမှုတွေအရ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် လာနိုင်တဲ့ ကံပေါက်သတ္တုတွင်းလိုမျိုးတွေ အပါအ၀င် မြောက်မြားစွာသော သတ္တုသိုက် တွေဟာ တနင်္သာရီတစ်တိုင်းလုံးအနှံ့ တည်ရှိ နေတယ်။ အထူးသဖြင့် ကရင် အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကနေ ထားဝယ်နဲ့ မြိတ် မြို့နယ်တွေမှာ စီးပွားဖြစ် ထုတ်လုပ် နိုင်တဲ့ ထုတ်လည်း ထုတ်နေတဲ့ ခဲမဖြူ အဖြိုက်နက်သတ္တုသိုက်တွေ ဒုနဲ့ဒေး။ အဲဒီလို ပြဿနာတွေကလည်း ဒုနဲ့ဒေး ပါပဲ။

နောက်ဆုံးအတည်ပြုလိုက်တဲ့ မြန်မာ့သတ္တုတွင်း ဥပဒေ ထွက်မလာခင် အထိ သတ္တုလုပ်ငန်းအမျိုးအစားအားလုံးကို ပြည်ထောင်စုအစိုးရက တိုက်ရိုက် ခွင့်ပြုတယ်။ စီမံအုပ်ချုပ်မှုကိုတော့ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနဲ့ သက်ဆိုင်ရာဌာနတွေက ပြုလုပ်တယ်။ ကြီး၊ ငယ်၊ ရွယ်၊ လတ် သတ္တုလုပ်ကွက်တွေ အားလုံးကို ပြည်ထောင်စုက တိုက်ရိုက်ချပေးပြီး လုပ်ပိုင်ခွင့် ပေးသင့် မသင့်ကို တိုင်းဒေသကြီးအစိုးရက သဘောထားမှတ်ချက် ပေးပို့ရပါတယ်။ အခုတော့ အသေးစားနဲ့ လက်လုပ် လက်စား သတ္တုလုပ်ကွက်တွေကို တိုင်းအစိုးရက လုပ်ကွက်ချထားပေးခွင့် အခွန်ကောက်ခံခွင့်တွေ ရရှိတော့မှာ ဖြစ်တယ်။

ပထမဆုံးအပိုဒ်က စာကို ပြန်ကောက် ရရင် သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းတွေ ဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖန်တီးပြီး တိုင်းအစိုးရကို ခေါင်းခဲစေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ ပြည်ထောင်စုက ခွင့်ပြုချက်ပေးတဲ့ သယံဇာတ တူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းအမျိုးအစားချင်း အတူတူပေမယ့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေနဲ့ယှဉ်ရင် သတ္တုတွင်းလုပ်ငန်း တွေမှာ တိုင်းအစိုးရရဲ့ ပါဝင်ပတ်သက်ရမှုက ကြီးမားလွန်းလှတာကို တွေ့ရတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း သတ္တုတွင်းအများစုရဲ့ စွန့်ပစ်မြေစာနဲ့ရေဆိုးတွေကြောင့် ဒေသခံတွေ ဒုက်္ခရောက် ခဲ့ရပေါင်း များလှပါပြီ။ အဲဒီအထဲက အကြီးမားဆုံး စိန်ခေါ်မှုကတော့ သတ်္တုတွင်း အများစုဟာ ပြဋ္ဌာန်းဥပဒေတွေကို မလိုက်နာ ခြင်း ဖြစ်တယ်လို့ ကောက်ချက်ဆွဲရပါလိမ့် မယ်။

ဥပမာတစ်ခုအနေနဲ့ပြောရရင် ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ၂၀၁၃ မတိုင်မီ ချထားပေးပြီးသား လုပ်ကွက်တွေဟာ ပတ် ၀န်းကျင်ထိခိုက်မှု ဆန်းစစ်ချက် အစီရင် ခံစာ –  EIA  ရေးဆွဲဖို့ မလိုသော်ငြား လက်ကျန် သက်တမ်းအတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် – EMP ရေးဆွဲရမှာ ဖြစ်ပါတယ်။ (EIA နဲ့ EMP တွေအကြောင်း ကို နောင်မှာ အသေးစိတ် ပြန်လည်ရေးသား ဖော်ပြပါမယ်) အခြေခံအားဖြင့်တော့ EIA နဲ့ EMP ဆိုတာတွေက သတ္တုတွင်းလုပ်ငန်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ ခွင့်ပြုတဲ့ နေရာမှာ စီမံကိန်းကြောင့် ဖြစ်လာ နိုင်ခြေရှိတဲ့ လူမှုဘ၀နဲ့ပတ်ဝန်းကျင် ထိခိုက်မှုတွေကို စနစ်တကျ လေ့လာပြီး အဲဒီ ထိခိုက်မှုတွေမဖြစ်အောင် ဘယ်လို တားဆီးမလဲ၊ မလွှဲသာ မရှောင်သာ ဖြစ်လာခဲ့ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာနဲ့ အကယ်၍ ထိခိုက်မှုတွေရှိလာပါက ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး ပြန်လည်ကုစားမလဲဆိုတဲ့ အစီအစဉ်တွေကို ဒေသနေပြည်သူလူထု ပါဝင်ပြီး ရေးဆွဲ အကောင်အထည်ဖော်ခြင်းပဲ ဖြစ်တယ်။

လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင် သယံဇာတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အဖြစ် စတင်တာဝန်ယူစဉ်ကတည်းက သယံဇာတ တူးဖော်ရေးကဏ္ဍမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ခဲ့ပါတယ်။ အထူး သဖြင့် သတ္တုတူးဖော်ရေးမှာ သိသာတဲ့ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး သယံဇာတ စီမံအုပ်ချုပ်မှုမှာ ဒေသခံလူထုရဲ့ ပါဝင်မှုကို တရားဝင် အသိအမှတ်ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲ မှုတွေထဲက နှစ်ခုကို တင်ပြလိုပါတယ်။ ပထမတစ်ခုက သတ္တုလုပ်ကွက်အသစ်တွေ ထပ်မံချထားပေးခြင်း မရှိတော့ဘဲ ရှိရင်းစွဲ လုပ်ကွက်တွေကို ဥပဒေနဲ့အညီ ဖြစ်လာ စေဖို့ ကြီးကြပ်ထိန်းမတ်တဲ့အလုပ် တွေမှာ အာရုံစိုက်ခဲ့တာပါ။ ဥပမာ ပြောရရင် လက်ပတ်နေဆဲ သတ္တုတွင်းတွေကို EMP တွေ ရေးဆွဲဖို့ တွန်းအားပေးခဲ့တာမျိုးပါ။

ဒုတိယအပြောင်းအလဲကတော့ လူထုနဲ့တိုက်ရိုက် သက်ဆိုင်နေပါတယ်။ အဲဒါက သတ္တုတွင်းလုပ်ငန်းလည်ပတ်မှုတွေ ကို ဒေသနေပြည်သူလူထုက တရားဝင် စောင့်ကြည့်ခွင့်ရှိပြီး တွေ့ရှိချက်တွေကို အစိုးရအဖွဲ့ အပါအ၀င် သက်ဆိုင်ရာ ဌာနများနဲ့ မီဒီယာတွေကို တိုက်ရိုက်ပေးပို့ နိုင်တဲ့ စနစ်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မတိုင်မီက သတ္တုတွင်းတွေ နဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ တက်လာရင် ပြည်သူလူထုက အပေါ်မှာ ပြောခဲ့သလို အစိုးရကို တိုက်ရိုက်တင်ပြပြီး အဖြေရှာကြတဲ့ စနစ်မျိုးမရှိခဲ့ပါဘူး။ အဲဒီတုန်းက လူထုဟာ သူတို့ရဲ့တွေ့ရှိချက်၊ စိုးရိမ်ချက်နဲ့ လိုလားချက်တွေကို သက်ဆိုင် ရာမြို့နယ်နဲ့အစိုးရဌာနတွေကို စာရေးသား ပေးပို့ခြင်းနည်းလမ်း၊ မီဒီယာတွေက နေတစ်ဆင့် သတင်းဖော်ပြတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားကြရပါတယ်။ ဆိုလိုတာက အစိုးရကိုယ်တိုင် ဦးဆောင် ပါဝင်ပြီး လူထုက တရားဝင်တင်ပြနိုင်တဲ့ စနစ်မျိုး မရှိခဲ့တာပါ။

ဦးမြင့်မောင် သယံဇာတကဏ္ဍကို ကိုင်တွယ်ပြီးချိန် ၂၀၁၆ ခုနှစ်အစောပိုင်း ကာလတွေမှာ သတ္တုတွင်းစောင့်ကြည့်ရေး အဖွဲ့တွေကို စတင်ဖွဲ့စည်းခဲ့တယ်။ အစော ပိုင်းကာလတွေမှာ ဘယ်အချက်တွေကို ဘယ်အချိန်မှာ ဘယ်လိုစောင့်ကြည့်ပြီး ဘယ်ဌာနကို ဘယ်လိုပုံစံနဲ့ သတင်းပို့လို့ အစိုးရက ဘယ်လို အရေးယူဆောင်ရွက်မှုမျိုး ကို ပြုလုပ်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိခဲ့။

၂၀၁၇ ခုနှစ်ထဲမှာတော့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့  – ဗြွှဗ  တနင်္သာရီတိုင်းဒေသကြီး အလုပ်အဖွဲ့က ဦးဆောင်ပြီး သတ္တုတွင်းကဏ္ဍပြုပြင် ပြောင်းလဲမှုမှာ အစိုးရ၊ အရပ်ဘက်နဲ့ လူထုပါဝင်မှု အထူးသဖြင့် သတ္တုတွင်းစောင့် ကြည့်ရေး ယန္တရားနဲ့အလုပ်ဖြစ်မှုကို သုံးသပ် လေ့လာမှုတစ်ခု ပြုလုပ်ခဲ့တယ်။

(MATA ဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သယံဇာတတူးဖော်ထုတ် လုပ်မှုပွင့်လင်းမြင်သာရေး ဦးဆောင်လှုပ်ရှား မှု – Extractive Industries Transparency Initiative  EITI

လုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားပြုပါဝင်တဲ့ အစိုအဖွဲ့တစ်ခု ဖြစ်ပါတယ်။ EITI အကြောင်းကို နောင်မှာ ဆက်လက် ဖော်ပြပါမယ်)။

အထက်ပါ လေ့လာမှုကို အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ သတ္တုတွင်းစောင့် ကြည့်ရေး အဖွဲ့တွေ အပါအ၀င် ပြည်သူ လူထုကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ တိုတိုပြောရရင် အဲဒီလုပ်ငန်းစဉ်ရဲ့ရလဒ် အနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို အခြေခံထားတဲ့ သတ္တုတွင်း စောင့်ကြည့်ရေး စနစ်တစ်ခုကို အစိုးရကို တင်ပြခဲ့တယ်။ လာဘ်ပေးလာဘ်ယူမှုနဲ့ လက်ရှိတရားရင် ဆိုင်နေရတဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အဆိုပါ သတ္တုတွင်း စောင့်ကြည့် ရေးစနစ်ကို အစိုးရအဖွဲ့ အစည်းအဝေးက တစ်ဆင့် အတည်ပြုပေးခဲ့ပြီး သတ္တုတွင်း စောင့်ကြည့်ရေးလုပ်ငန်းစဉ်ဟာ အစိုးရ ဦးဆောင်ပြုလုပ်တဲ့ သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့တယ်။

တနင်္သာရီတိုင်းရဲ့ သယံဇာတစီမံအုပ် ချုပ်မှုလုပ်ငန်းစဉ်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူထုပါဝင်မှုကို အတိုင်းအတာတစ်ခုအထိ အလေးထား ဆောင်ရွက်ခဲ့တဲ့ ၀န်ကြီးဦးမြင့်မောင်ဟာ အခုအချိန်မှာ တိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့ ပါပြီ။ အဲဒီလိုပဲ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံနဲ့ချီပြီး ကြီးမားတဲ့ သယံဇာတ ထုတ်လုပ်ရေးစီမံကိန်း တွေရှိတဲ့ ရေဖြူမြို့နယ်ရဲ့ မဲဆန္ဒနယ် အမှတ် ၁ က ဦးလှထွေးဟာ ဦးမြင့်မောင်ရဲ့ နေရာကို ဆက်ခံသူဖြစ်လာပါပြီ။

အချိန် နှစ် နှစ် ၀န်းကျင်သာ ကျန်တော့ တဲ့ လက်ရှိအစိုးရဟာ တိုင်းတစ်ခွင် မကြာခင်မှာ သက်တမ်းကုန်တော့မယ့် အကြီးစား သတ္တုတွင်းလုပ်ငန်းတွေကို သက်တမ်းတိုးပေးရာမှာ ပြည်ထောင်စု အစိုးရအဖွဲ့ကို သဘောထားမှတ်ချက်ပေးဖို့၊ အသေးစားနဲ့ လက်လုပ်လက်စား လုပ်ကွက်တွေကို ချထားပေးဖို့နဲ့ တိုင်း အတွင်း အခြားသော သယံဇာတနဲ့ ပတ်သက် ဆက်စပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် အဆုံးအဖြတ် ပေးရမယ့် အချိန် ကာလနဲ့လည်း တိုက်ဆိုင် လို့ နေပြန်ပါတယ်။

တပြိုင်နက်မှာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ အထူးသဖြင့် သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်တဲ့ ကုမ်္ပဏီတွေကလည်း သူတို့ရဲ့ လူမှုရေးကဏ္ဍတာဝန်ယူမှုလုပ်ငန်း – Corporate Social Responsibility

 ကို ပုံစံအမျိုးမျိုးနဲ့ အရှိန်မြှင့် အကောင်အထည် ဖော်လာနေကြတာကို လည်း တွေ့ရပါတယ်။

စီမံကိန်းဆောင်ရွက်မယ့်ဒေသက လူထုအတွက် ပညာရေး၊ အားကစားနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကနေ နိုင်ငံရေးပါတီတွေရဲ့ ရုံးဆောက်လုပ်ရေး အတွက်လိုအပ်တဲ့ ရန်ပုံငွေကို ထည့်ဝင် လှူဒါန်းတဲ့ ကိစ္စတွေအထိကို ကျယ်ကျယ် ပြန့်ပြန့် ပါဝင်လာ နေကြတာကို သတိထားမိတယ်။

စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် ကြတဲ့နေရာမှာ ပြည်သူလူထုရဲ့တိုးတက် ဖွံ့ဖြိုးရေးကို ရှေ့ရှုတဲ့ လူမှုရေးအရ တာဝန်ယူခြင်းလုပ်ငန်း CSR ကို ဆောင်ရွက်ကြတာဟာ ၀မ်းသာမုဒိတာ ပွားဖွယ်ဆိုသော်ငြား အငြင်းပွားဖွယ် တချို့လည်း ရှိနေပါသေးတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ကုမ္ပဏီမှာ CSR နဲ့ပတ်သက် ပြီး ချမှတ်ထားတဲ့ ကောင်းမွန်ပြီး လူထုကို အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒမျိုး မရှိတဲ့ အခါမျိုးမှာ သာလို့ဆိုးပါတယ်။ (CSR နဲ့ ပတ်သက်ပြီး နောင်မှာ ထပ်မံဖော်ပြပါမယ်)။

အချုပ်အားဖြင့်ဆိုရရင် သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းမှာ လူထုနဲ့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို တရားဝင် အသိအမှတ်ပြုပြီး အပြုသဘော ဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ကို ဆောင်ရွက်တဲ့နေရာမှာ တနင်္သာရီတိုင်းဟာ အတိုင်းအတာတစ်ခုအထိ ကောင်း သတင်းရှိနေတာကို တွေ့ရှိရပါတယ်။ ဒီအလေ့အကျင့်ကောင်းကို ဘယ်လောက် အထိ ဆက်ထိန်းထားနိုင်မလဲဆိုတာ ကတော့ ၀န်ကြီးချုပ်အသစ်နဲ့ သယံဇာတ ၀န်ကြီးအပေါ်မှာ အများကြီးမူတည်နေ တယ်လို့လည်း ယူဆရပါတယ်။

တိုင်းပြည်ဝင်ငွေဟာ သယံဇာတ အပေါ်မှာ အတိုင်းအတာ တစ်ခုအထိ မှီခိုနေရသေးတဲ့ကာလမှာ တိုင်းအစိုးရဟာ လူထုကို ဒုက္ခမရောက်စေဘဲ စီးပွားရေး လုပ်ငန်းတွေကို ဥပဒေနဲ့အညီလုပ်ကိုင် ခွင့်ပြုပြီး တပြိုင်နက်မှာ သဘာဝပတ်ဝန်း ကျင်နဲ့လူမှုရေးအရ တရားမျှတမှုကို ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ပါပဲ။    ။

အောင်လွင် (ကံပေါက်သား)