တနင်္သာရီ ကစားသမားများ တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်စံချိန်ချိုး

0
148

ယမန်နှစ် တိုင်းနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဝင် ကစားသမားများ၏ အမြင့်ဆုံးစံချိန် များကို တနင်္သာရီကစားသမားဆယ်ဦး က ချိုးနိုင်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ ထားဝယ်မြို့တွင် ကျင်းပခဲ့သည့် မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် လက်ရည်စစ်ဆေးသည့်ပြိုင်ပွဲတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီး ငါးဦးက ယင်းတိုင်းနှင့်ပြည်နယ်တွင် တင်ထားသည့် စံချိန်ကို ချိုးနိုင်ခဲ့ ခြင်းဖြစ်သည်။

စံချိန်ချိုးလိုက်နိုင်သည့် ပြေးခုန်ပစ် ကစားနည်းများမှာ မီတာ ၁၁၀နှင့် မီတာ ၄၀၀ တန်းကျော်အပြေး၊ မီတာ ၃၀၀၀၊ မီတာ ၈၀၀၊ မီတာ ၄၀၀နှင့် မီတာ ၂၀၀ အပြေး၊ မီတာ ၁၀၀၀၀ လမ်းလျှောက်၊ အမြင့်ခုန်၊ သုံးဆင့်ခုန် စသည့် ကစားနည်း ကိုးမျိုးဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“တိုင်းနှင့်ပြည်နယ် စံချိန်ချိုးနိုင်တဲ့ သူတွေဆိုရင် တစ်ယောက်ကို သုံး သောင်းစီ ချီးမြှင့်တယ်”ဟု ၎င်းက ဆို သည်။

တနင်္သာရီတိုင်း အသက် ၁၈ နှစ် အောက် ပြေးခုန်ပစ်အဖွဲ့သည် စုပေါင်း တံခွန်စိုက်ဆု၊ အမျိုးသမီး တံခွန်စိုက်ဆု တို့ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးထားသည်။

အောက်တိုဘာလတွင် ကျင်းပရန်ရှိသည့် တိုင်းနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်း အသင်းကို သြဂုတ်လတွင် မြို့နယ်ပေါင်းစုံပြိုင်ပွဲကျင်းပကာ ရွေးချယ်မည် ဖြစ်ကြောင်း တိုင်းအားကာထံမှ သိရသည်။   

Dawei Watch