ထားဝယ်တက္ကသိုလ် ကျောင်းသားများ၏ ကျောင်းသုံး ပစ္စည်းများ ပရဟိတကျောင်းသို့ လှူ

0
832
ဓာတ်ပုံ - ကျော်သူစိုး

ထားဝယ်တက်္ကသိုလ်တွင် စာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသူ၊ ကျောင်းသားများ ထံတွင် ကျောင်းသုံးပစ်္စည်းများကို အလှူခံကာ ပရဟိတဘုန်းတော်ကြီးသင် ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ထားဝယ်တက်္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ကာ “ပိုသူမှ လိုသူသို့” ဟုအမည်ပေးထားသည့် အစီအစဉ်အဖြစ် မတ်လ ၂၆ ရက် ပထမနှစ်ဝက် စာမေးပွဲ နောက်ဆုံးနေ့တွင် အလှူခံပုံးများဖြင့် ကျောင်းသား၊ ကျောင်းသူများထံမှ ကျောင်းသုံးပစ္စည်းများ အလှူခံခဲ့သည်။

ဘောပင် အချောင်းရေ တစ်သောင်း နီးပါး၊ ခဲတံ သုံးထောင်ခန့်၊ ပေတံ သုံးထောင်ခန့်၊ ခဲဖျက်နှစ်ရာခန့်၊ မှင်ဖျက် ဘောပင် ၂၀၀ ခန့်၊ ဗလာစာအုပ် ၇ ဒါဇင် နှင့် ကွန်ပါဘူး ၃၀ ခန့် အလှူခံရရှိခဲ့ကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။

ယင်းကျောင်းသုံးပစ္စည်းများကို ထားဝယ်မြို့ရှိ ပရဟိတ ဘုန်းတော်ကြီး ကျောင်းများ၊ မိဘမဲ့ဂေဟာများတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများကို မတ်လ ၂၇ ရက်တွင်သွားရောက်လှူဒါန်းခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မသီရိမိုးက ပြောသည်။

ကျောင်းသူ၊ ကျောင်းသား အများစုသည် စာမေးပွဲဖြေဆိုပြီးပါက ဘောပင်၊ ခဲတံ၊ ပေတံများကို စနစ်တကျ သိမ်းဆည်းမှု အားနည်းသဖြင့် ပျောက်သွားမည့်အစား လိုအပ်နေသည့် ပရဟိတနှင့် မိဘမဲ့ကျောင်းများကို လှူဒါန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျောင်းသား၊ ကျောင်းသူတွေကလည်း ကျောင်းတက်နေတဲ့သူတွေဆို တော့ ကြီးကြီးမားမားလည်း မလှူနိုင် ဘူး။ အဲဒါကြောင့် ကိုယ်သုံးပြီးသား ပစ္စည်းလေးတွေ အလေအလွင့်မရှိရလေအောင် လှူခံပြီး မိဘမဲ့ကျောင်းတွေကို လှူဖို့ စီစဉ်တာပါ”ဟု မသီရိမိုးက ဆိုသည်။

ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ “လိုသူမှ ပိုသူသို့” အစီအစဉ်သည် လိုအပ်နေသည့် ပရဟိတကျောင်း များအတွက် ကွက်လပ် တစ်ခုကို ဖြည့်ဆည်း ရာရောက်ကြောင်း ထားဝယ်တက္ကသိုလ် ဒုတိယ ပါမောက္ခ ဒေါက်တာ ချိုချိုမြင့်က ပြောသည်။

“ဒီအစီအစဉ်က စိတ်ကူးလည်း ကောင်းတယ်၊ လုပ်ရပ်လည်းကောင်း တယ်။ အဲဒီလို ကောင်းတာလေးတွေကိုပဲ ဆက်ပြီးလုပ်သွားဖို့ကိုလည်း မျှော်လင့်တယ်”ဟု ဒေါ်ချိုချိုမြင့်က ဆိုသည်။

ထားဝယ်တက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသား လေးထောင်ကျော် ပညာသင်ယူလျက်ရှိကြောင်း ယင်း တက္ကသိုလ်ထံမှ သိရသည်။  

Dawei Watch