တိုင်းလွှတ်တော်အစည်းအဝေး ဧပြီ ၈ တွင် ကျင်းပမည်

0
509
ဓာတ်ပုံ - ဖိုးချမ်း

တိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးကို ဧပြီလ ၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ငွေလုံးငွေရင်း ရန်ပုံငွေကို ဆွေးနွေးအတည်ပြု ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ မေးခွန်းများကို တိုင်းအစိုးရအဖွဲ့မှ ဖြေဆိုခြင်းများ ပါဝင်မည် ဖြစ်သည်။

အစည်းအဝေးကျင်းပရက် ၃ ရက် လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

ယခုကျင်းပမည့်အစည်းအဝေးသည် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော်၏ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်သည်။

Dawei Watch