တနင်္သာရီတွင် ဖယောင်းတိုင်မီး ပူဇော်ရာမှ ဘုန်းကြီးကျောင်းမီးလောင်

0
554

တနင်္သာရီမြို့နယ်တွင် ဘုရားတွင် ဖယောင်းတိုင်မီးပူဇော်ရာမှ ဘုန်းကြီးကျောင်းတစ်ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဒေသခံအချို့ထံမှ သိရသည်။

ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ အောက်ကင်းကျေးရွာရှိ ဆုတောင်းပြည့်ဘုန်း တော်ကြီးကျောင်းတွင် မတ်လ ၂၇ ရက် ည ၉ နာရီအချိန်ခန့်က လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး သွပ်မိုး၊ အုတ်တိုင်၊ ပျဉ်ခင်း ပျဉ်ကာ တစ်ထပ်ဘုန်းကြီးကျောင်း တစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရ သည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ကပ္ပိယဖြစ်သူ ဖယောာင်းတိုင်ဖြင့် ဘုရားမီးပူ ဇော်ခဲ့ပြီးနောက် အိမ်ပြန်သွားချိန်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သက်တော် ၉၂ နှစ်ရှိသည့် ကျောင်းထိုင်ဆရာတော်အား အချိန်မီကယ်တင်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ယင်းကျေးရွာသားအချို့ထံမှ သိရသည်။

“ဆရာတော်ကတစ်ပါးတည်းနေတာ။ ဒီအချိန်လောင်လို့ တော်သေးတယ် ညနက်မှဆို မလွယ်ဘူး”ဟု ယင်းကျေး ရွာနေ အသက် ၄၅ ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ကပ္ပိယဖြစ်သူအား ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တနင်္သာရီ မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကိုဆန်း